Chapter - 64

1.6K 187 3
                                    


Chapter – 64

လင်ချင်းယန် ဆေးကုသမှု ခံယူနေသည့် နေရာက မြို့ထဲရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံရှိ ကင်ဆာ အထူးကု ဌာနတစ်ခုမှာ ဖြစ်သည်။ ထိုနေရာက သန့်ရှင်းသပ်ရပ်ကာ အဆင့်အတန်းမြင့်ပြီး၊ လူနည်းစုသာ လာနိုင်သည့် နေရာပင်။

ထိုနေ့ မနက်မှာတော့ တ.ဟူ က လင်ချင်းယန်ရဲ့ ကားနောက်သို့ ခါတိုင်းကဲ့သို့ပင် နောက်မြီးတန်း လိုက်ပါလာသည်။ ဆေးရုံ ပြင်ပသို့ ရောက်ချိန်တွင် လင်ချင်းယန်က သူ့ လက်ထောက် ၂ ယောက်နှင့်အတူ ဆေးရုံအတွင်း ဝင်သွားသည်ကို ကြည့်နေခဲ့သည်။ ချင်းယန် ဝတ်ဆင်ထားသည့် အနက်ရောင် ဦးထုပ်နှင့် ကုတ်အကျီရှည်တို့က သူ့ကို ပို၍ပင် ပိန်ပိန်ပါးပါး ဖြစ်နေစေသလိုပင်။

တ.ဟူက ခဏနေမှ ကားထဲမှ လိုက်ထွက်ကာ သူ့နောက် လိုက်သွားသည်။ ပုဂ္ဂလိက ဆေးရုံများက ကလပ်များနှင့်ပင် ပိုတူနေသည်၊ အဖွဲ့ဝင်တစ်ယောက် မဟုတ်ပါဘဲ အထဲကို ဝင်ခွင့်မရ။ သို့သော်လည်း ဝင်ပေါက်ရှိ ဧည့်ကြိုမှာ တ.ဟူကို ရင်းနှီးနေပြီမို့ ရဲဝန်ထမ်းကတ်ကို ပြရုံမျှဖြင့် ဝင်သွားလို့ ရနေပြီ ဖြစ်သည်။

နောက်တစ်ချက်က တ.ဟူ တို့ လင်ချင်းယန်နောက် လိုက်နေကြခြင်းက လျှို့ဝှက်ချက် မဟုတ်တော့သည်မှာ ကြာပြီဖြစ်သည်။ လင်ချင်းယန်၏ အဆင့်အတန်းတို့ကြောင့် သူ့မှာ အမြဲလိုလို အရည်အသွေးမြင့် သက်တော်စောင့် အများအပြား လိုက်ပါနေတတ်သည်။ ဒါကြောင့်ပင် တ.ဟူမှာ သူ မသိအောင် နီးနီးကပ်ကပ် လိုက်လို့ မရနိုင်တာပင်။ တခါတရံ ထို သက်တော်စောင့်များမှ တားဆီးခြင်း ခံရသော်လည်း တ.ဟူ ကတော့ အေးအေးဆေးဆေးပင် လင်ချင်းယန်နား သွားကာ ယဉ်ယဉ်ကျေးကျေးလေသံဖြင့် ..

"မစ္စတာလင် .. ထန်းလျန်ရဲ့ အမှု ပြီးသွားပြီ ဆိုပေမဲ့လည်း ကျတော်တို့အနေနဲ့ သူ့မှာ နောက်ထပ် အပေါင်းအသင်းတွေ ရှိနေပြီး ယောင်းမုန်နဲ့ မိသားစုတွေကို ထိခိုက်လာစေမှာ စိုးရိမ်နေလို့ပါ။ ဒါကြောင့် ခင်ဗျားကို ကာကွယ်ပေးဖို့ ကျတော်တို့ကို အမိန့်ချထားပါတယ်။ ခင်ဗျားလည်း ရဲအဖွဲ့ နဲ့ ပူးပေါင်းပေးမယ် လို့ မျှော်လင့်ပါတယ်"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now