Chapter - 72 (Bonus - One)

2.2K 187 0
                                    

Chapter – 72 (Bonus)

1. ကလေး မွေးဖွားခြင်း

နွေရာသီ၏ မနက်အစောပိုင်းအချိန်၊ လင်းမြို့တော်၏ အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာနေပြီ။ ရွှီရွှီရဲ့ မွေးဖွားရက် နီးကပ်လာသည်မို့ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် သူ့ကို ပုဂ္ဂလိက သားဖွားမီးယပ် ဆေးရုံတစ်ခုသို့ တင်ထားရ၏။ ဖေဖေရွှီ က ဘေးနားမှာ အမြဲတမ်းနီးပါး စောင့်ပေးနေပြီး၊ ရွှီကျွမ်းနှင့် ကျီပိုင်ကတော့ အလုပ်ဆင်းသည်နှင့် ရောက်လာတတ်ပြီး၊ ၂၄ နာရီ ဖုန်းဆက်သည်နှင့် လာနိုင်အောင် အဆင်သင့် ပြင်ထားကြ၏။

ရွှီရွှီ က တင်ပါးဆုံရိုး ကျဉ်းသည်ဆိုပေမဲ့၊ ကလေးရဲ့ ခေါင်းကလည်း သိပ်မကြီးသည်မို့၊ ဆရာဝန်က သူ့ကို သာမန်အတိုင်းပင် မွေးဖွားနိုင်လိမ့်မည်ဟု ဆရာဝန်က ပြောလာ၏။ ဒါက နာကျင်မည် ဆိုပေမဲ့လည်း မဖြစ်နိုင်တာတော့ မဟုတ်နေ။

ရွှီရွှီကတော့ နည်းနည်းလေး နာသည်နှင့် အရှက်မဲ့သွားတတ်သည့် လူလည်း မဟုတ်လေတော့ ရိုးရိုးပင် မွေးဖွားဖို့ ဆုံးဖြတ်လိုက်၏။

ဆေးရုံတက်ပြီး ဒုတိယနေ့ ညသန်းခေါင် အချိန်၊ ဆေးရုံ လူနာဆောင်ထဲမှာ တိတ်ဆိတ်နေပြီ၊ လူတိုင်းပင် အိပ်မောကျနေကျပြီ ထင်သည်။

ရုတ်တရက် .. ရွှီရွှီ မိမိ ကိုယ်ခနာ အောက်ပိုင်းမှ ပြင်းပြင်းထန်ထန် နာကျင်မှု တစ်ချက် ကြောင့် နိုးသွား၏။

ထိုအချိန်မှာ လူနာကုတင်ဘေး ရှိ ဆိုဖာရှည်ပေါ် မှီလှဲနေတဲ့ ကျီပိုင်ကတော့ ပင်ပန်းနေပုံဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ရွှီရွှီက သူ့ကို အရင် မနှိုးသေးဘဲ ၊ နံရံထက်ရှိ နာရီကို ကြည့်ကာ နာကျင်မှုကို အံကျိတ်ခံရင်း ၊ ဗိုက်နာသည့် နာကျင်မှုကြားက အချိန်ကို တည်တည်ငြိမ်ငြိမ် ရေတွက်နေ၏။ ဒါက မွေးဖွားခါနီး၍ နာသည် ဆိုလျှင် တိကျသည့် ကြိမ်နှုန်းအတိုင်း နာလာမည် ဖြစ်သည်။

ခေတ္တမျှ ရေတွက်နေပြီးနောက် ၊ အချိန်ကျပြီဟု မှန်းဆမိသည့် အချိန်တွင် သူ့လက်ဆန့်၍ ကျီပိုင်ရဲ့ ခေါင်းကို ပုတ်လိုက်၏။

"ယောကျ်ား .. ထတော့ .. ကျမ မွေးတော့မယ် "

ကျီပိုင်က မျက်လုံး ပွင့်လာပေမဲ့ လူကတော့ ငေးရီရီ ဖြစ်နေဆဲ .. သို့သော်လည်း ရွှီရွှီ ပြောလိုက်သည့် စကားကို ကြားတော့ ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now