Chapter - 24

2.1K 308 8
                                    

Chapter (24)

" ကျတော် သွားခဲ့တာက ဇီရှီ ဆီက မက်ဆေ့ တစ်စောင် ရောက်လာလို့" ဇျန်းရှိယုန်က ဖုန်းကို ထုတ်ယူကာ ကျီပိုင်ထံ တည်ငြိမ်စွာပင် ကမ်းပေးလိုက်သည်။

စစ်ဆေးခန်း အပြင်ဘက်မှ အယောက်တိုင်းလည်း မင်သက်သွားကြသည်။ နောက်ထပ် မက်ဆေ့ တဲ့လား..

"ယောကျ်ား .. ရှင့်ကို အရေးကြီးတာ ပြောဖို့ရှိတယ်၊ စံအိမ်ကို ချက်ချင်း လာခဲ့ပေးပါလား"

စာပို့ချိန်က ထိုညရဲ့ ၁၀ နာရီ ၄၀ မိနစ်မှာ ဖြစ်သည်။ ပို့သူကတော့ ယဲ့ဇီရှီ မဟုတ်၊ တခြား နံပါတ်တစ်ခုမှ ဖြစ်သည်။

"ဒါက ဇီရှီနဲ့ ကျတော် ဆက်သွယ်ရင် သုံးတဲ့ သီးသန့် နံပါတ်ပါ" ဇျန်းရှိယုန်က ရှင်းပြလာသည်။

ရွှီရွှီရဲ့ ဘေးမှာ ထိုင်နေတဲ့ ကျောင်းဟန်က တီးတိုးရေရွတ်လိုက်သည်။

"ထင်ထားတဲ့ အတိုင်းပဲ တခြားနံပါတ် ရှိနေတာကိုး။ ငါတို့ ယဲ့ဇီရှီရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းထဲမှာ ဘာမှ ရှာမတွေ့တာ မလွန်တော့ပါဘူးလေ"

စစ်ဆေးရေး ခန်းထဲမှာတော့၊ ဇျန်းရှိယုန်က နက်ရှိုင်းတဲ့ရေကန်လို နက်မှောင်နေတဲ့ သူ့ရဲ့ မျက်ဝန်းအစုံဖြင့် မော့ကြည့်လာသည်။

"အချိန်ကလည်း အရမ်းနောက်ကျနေပြီ၊ ကျတော်လည်း အရမ်း လန့်သွားခဲ့တာ၊ ဒါပေမဲ့ ကျတော်တို့ရဲ့ သီးသန့် ဖုန်းနံပါတ်တွေက ဇီရှီနဲ့ ကျတော်ပဲ သိတဲ့ ဝှက်စာနဲ့ လျှို့ဝှက်နံပါတ် လုပ်ထားတာ"

"ကျတော့်ပစ္စည်း ပစ္စယတွေကို ထုပ်ပိုးပြီးတာနဲ့ ထွက်လာခဲ့လိုက်တာပဲ၊ ကျတော်နဲ့ သူရဲ့ ဆက်ဆံရေးကို မပေါက်ကြားစေချင်လို့ပါ" သူက မပီမသ အသံမျိုးဖြင့် ဆက်ပြောလာသည်။ "သူ့ကို ရှပ်အကျီနဲ့ ဖုံးအုပ်ပေးခဲ့တာ ကျတော်ပါ။ ဘာပဲဖြစ်ဖြစ် သူက ကျတော့်ရဲ့ လူပဲလေ"

ဇျန်းရှိယုန်ကို ယာယီ လွှတ်ပေးလိုက်ရတော့သည်၊ ဒါပေမဲ့ ရဲအဖွဲ့၏ စောင့်ကြည့်မှု အောက်မှာပဲ ရှိနေရဦးမှာ ဖြစ်သည်။

သူ့ကို လွှတ်ပေးလိုက်ရသည့် အကြောင်းရင်း နှစ်ချက် ရှိပါသည်။ ပထမတစ်ခုက သူ လင်းအန်းတောင်ပေါ် စံအိမ်ကို သွားခဲ့သည်ဟု ပြောခဲ့သည့် အချိန်ပေါ် မူတည်ကာ စစ်ဆေးကြည့်တော့ သူ စံအိမ်ကို ရောက်သွားချိန်ဟာ ညသန်းခေါင်မှာ ဖြစ်ပြီး သူ ပြန်ထွက်သွားချိန်က မနက် ၁ နာရီ မှာ ဆိုသည်ကို ရဲအဖွဲ့မှ စစ်ဆေး တွေ့ရှိခဲ့လေသည်။ သို့ပေမဲ့ လူသေအလောင်းပေါ် စစ်ဆေးခဲ့တဲ့ မှုခင်းဆေးစစ်ချက်များအရ ယဲ့ဇီရှီ ဟာ ထိုအချိန်မှာဆိုရင် သေဆုံးပြီး ဖြစ်နေသည်ကို သူတို့ သိနေကြသည်လေ။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now