Chapter - 68 (The End)

3.1K 228 4
                                    


Chapter – 68 (ဇာတ်သိမ်းပိုင်း)

သူတို့ရဲ့ ကိစ္စတွေ ပြီးစီးချိန်က ညသန်းခေါင်ပင် တိုင်ခဲ့ပြီ။ ကျီပိုင်က ရွှီရွှီကို မှီထားစေကာ စိတ်ကျေနပ်မှု အပြည့်ဖြင့် ကိုယ်အနှံ့ကို အနမ်းလေးများ ဆက်ပေးနေမိသည်။

ခဏနေတော့ ... တစ်ခုခုကို သတိရသွားသလို ရွှီရွှီကို ပြောလာ၏။

"ရှုဟန်က ယောင်းမုန်ကို လိုက်နေတာ တစ်လတောင် ရှိတော့မယ်။"

ရွှီရွှီ ပင် အနည်းငယ် အံ့သြသွားသည်။

"သူ ပေကျင်းကို မပြန်ဘူးလား"

"သူ့ကုမဏီက အခုတလောမှာ လင်းမြို့မှာ အခြေစိုက်တဲ့ စီမံကိန်း တစ်ခု လုပ်နေတာ။"

ကျီပိုင်၏ မျက်နှာ အပြုံးတစ်ချက် ပေါ်လာကာ ရှင်းပြပေး၏။

"သူက ကိုယ့်ကို ပြောတယ်၊ ယောင်းမုန် သူ့ကို ငြင်းတာ ဆယ်ခါတောင် ကျော်ပြီတဲ့"

ရွှီရွှီက ခေါင်းညိတ်ရင်း သက်ပြင်းချမိသည်။

"သိသာနေတာပဲ" ခဏလောက် စဉ်းစားကြည့်ပြီးနောက်.. ကျီပိုင်ကို ပြန်ကြည့်လာကာ ..

"သူတို့ နှစ်ယောက် လိုက်ဖက်တယ်လို့ ရှင် ထင်လားဟင်"

ရွှီရွှီ မေးတာကို မဖြေဘဲ ကျီပိုင်က ပခုံးသာ တွန့်ပြလာသည်။

"ရှုဟန်က အပြောတော့ ကောင်းမှာပဲ၊ ဒါပေမဲ့ သူ့ဘက်က ရိုးသားတာလေးတော့ ရှိပါတယ်။ သူတို့ နှစ်ယောက် လိုက်ဖက်သလား ၊ ဘာလား ဆိုတာက ကိုယ်တို့ ဆုံးဖြတ်ပေးရမဲ့ ကိစ္စ မဟုတ်ဘူးလေ။"

သူက ထပ်မပြောခင် ခဏ တန့်နေသေးသည်။

"အခုက အချိန် မကျသေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ယောင်းမုန်လည်း စိတ်ပြောင်းလာနိုင်ပါတယ်။"

-

နောက်တစ်နေ့ .. ကျီပိုင် အလုပ်မှ အိမ်သို့ ပြန်လာချိန် .. ချစ်ဇနီးလေးနား ကပ်မည်အပြု ရှုဟန်ထံမှ ဖုန်းဆက်လာ၏။

ရှုဟန်ရဲ့ ကြားနေကြ ရယ်ဟဟ အသံကို ကြားရသည်။ သို့သော်လည်း အနည်းငယ် အလေးအနက်ထား ပြောနေပုံလည်းရ၏။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now