Chapter - 11

2.3K 305 6
                                    

Chapter (11)

ရွှီရွှီက ပုံမှန်ဆိုရင်တော့ ခေါင်းမာပြီး မာနကြီးတဲ့သူ တစ်ယောက်ပင်၊ ဒါပေမဲ့ ရဲဝန်ထမ်း တစ်ယောက် အနေနဲ့ မိမိရဲ့ ကိုယ်နှုတ် အမူအရာက အမိန့်အတိုင်း လိုက်နာနေဖို့ လိုသည်။ ကျီပိုင်က မိမိကို မဆီလျော်တဲ့ အမိန့်မျိုး ချပေးလာရင်တောင် မိမိရဲ့ အထက်လူကြီးကို ခံပြောနေဖို့ မဖြစ်နိုင်၊ အံကျိတ်ကာသာ ရင်ဆိုင်ရမည် ဖြစ်သည်။

ဒါ့ကြောင့် နောက်တစ်နေ့မနက် စောစောမှာ အချိန်အတိအကျပင် အိမ်မှ ထွက်လာခဲ့လိုက်သည်။ သူ အားကစားကွင်းကို ရောက်ချိန်မှာ ကောင်းကင်တခွင်က မှောင်ရိပ်သန်းနေဆဲ ဖြစ်ပြီး၊ လမ်းမီးများလည်း ထွန်းထားဆဲပင်။ လမ်းတလျှောက်က ကြည့်ရတာ မှုန်ဝါးနေပြီး လူသူကင်းမဲ့နေကာ အမှောင်ထဲမှာပဲ ပြေးနေကြသည့် လူတချို့ရဲ့ အရိပ်များသာ ထင်ရှိနေ၏။

ခဏတာမျှ ရပ်နေမိပြီးနောက် အမှောင်ထဲမှာ ပြေးနေသည့် ပုံရိပ်တစ်ခုကို ရွှီရွှီ လှမ်းမြင်မိ၏။

အဲ့ဒီလူက ကျီပိုင်.. ။ သူရောက်တာ သိပ်ကြာသေးပုံမရ၊ သူ့မှာ ချွေးနံ့ သိပ်မရှိနေဘူးလေ။

အလင်းရောင်က သိပ်မလင်းတာကြောင့် သူ့ ပုံရိပ်က အနည်းငယ်ဝါးနေသည်။ ဒါပေမဲ့ သူ့ရဲ့ ကျယ်လောင်တဲ့ အသံနဲ့ မိမိကို အော်ခေါ်၏။

"မနေ့က မင်း ဘယ်နှစ်ပတ် ပြေးခဲ့လဲ"

"ငါးပတ်"

" ဒီနေ့ ဆယ်ပတ်ပြေး၊ မင်းရဲ့ ပြေးနှုန်းက မနေ့ကထက် မနှေးစေနဲ့။ ငါ အချိန်မှတ်ထားမှာ" ဒီလို ပြောပြီးသည်နှင့် ရှေ့ကို ပြေးထွက်သွားတော့သည်။

ရွှီရွှီ ခဏတာမျှ နှုတ်ဆိတ်သွားပြီးမှ ရေကို ပါးစပ်အပြည့်တစ်ငုံ သောက်ကာ နောက်မှ ပြေးလိုက် လိုက်သည်။

ဟုတ်ပါသည် .. သူ့ရဲ့ ခြေလှမ်းကို မီအောင် ဆိုပေမဲ့၊ ကျီပိုင်က ခဏအတွင်းမှာပဲ မြင်ကွင်းထဲက ပျောက်သွားတော့သည်လေ ။ ရွှီရွှီမှာ ပြေးလမ်း တစ်ဝက်ပဲ ရှိသေးသည် .. မိမိနားကို ချဉ်းကပ်လာသော ခြေသံမှန်မှန်၊ မြန်မြန် ကို ကြားလိုက်ရ၏။

ဒီလူရဲ့ ကိုယ်မှ လေ့ကျင့်ခန်းလုပ်စဉ် ထွက်လာတဲ့ အသက်ရှုသံမှန်မှန် နှင့် အင်အားကြီးသည့် အငွေ့အသက်တို့ကို သူ ရရှိလိုက်သည်။ ယှဉ်ပြောရလျှင် ရွှီရွှီမှာတော့ ဘယ်လို အငွေ့အသက်မှ မရှိ၊ ခြေလှမ်းတွေက နှေးကွေးနေပြီး၊ အသက်ရှုနှုန်းကလည်း ပျော့သည်။ ကျီပိုင်က ခြေလှမ်းကျဲကျဲတစ်ချက်နဲ့တင် မိမိကို မီလာသည်မို့ ခေါင်းသာ ငုံ့ထားလိုက်မိတော့သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now