Chapter - 35

2.5K 332 13
                                    

Chapter – 35

တရုတ်-မြန်မာ နယ်စပ် တစ်နေရာ...

မဲခေါင်မြစ်က ထူထပ်တဲ့ တောအုပ်ထူထူထဲ အရှိန်ပြင်းစွာ ဖြတ်သန်း စီးဆင်းနေသည်မို့ မြစ်ကမ်းနှစ်ဖက်လုံး၏ မြင်ကွင်းကို တောအုပ်က ဖုံးကွယ်ထားသလို ရှိသည်။

ဖုန်ထူထပ်သော တောင်ပေါ်လမ်းမတွင် စစ်တပ်သုံးယာဉ်တစ်စီးက ရုတ်ခနဲ ထိုးရပ်လာ၍ လက်နက်ကိုင် တပ်သားအများအပြား ယာဉ်ပေါ်မှ ခုန်ဆင်းလာကြကာ တောအုပ်ထဲ ပြေးဝင်သွားကြသည်။ အတန်ကြာတော့ တောင်ကြောတလျှောက် ဝန်းရံပြီး ဖြစ်သွားသည်။

သစ်ရွက်များပေါ် ပွတ်တိုက် ဖြတ်လျှောက်လာသံ ကြားလိုက်ရပြီး ၊ အမျိုးသမီးတစ်ဦး တောအုပ်ထဲမှ ယိုင်တိယိုင်တိုင်ဖြင့် ထွက်လာသည်။ ရက်ပေါင်းများစွာ ပြေးလာခဲ့ရသည်မို့ သူ့ အဝတ်အစားများက စုတ်ပြတ်နေကာ၊ မျက်နှာကလည်း ဖြူဖျော့နေသည်။ တပ်သားတစ်ယောက်က သူ့ရဲ့ ဆံပင်ရှည်တွေကို ဖမ်းဆုပ်ဆွဲယူကာ အခြား တပ်သားတစ်ယောက်က သူ့ခါးနေရာကို သေနတ်ဒင်ဖြင့် ခပ်ကြမ်းကြမ်း ဆောင့်ထိုးလိုက်သည်။ ထိုအမျိုးသမီး ထံမှ နာကျင်မှုကြောင့် အော်ညည်းသံ ထွက်ပေါ်လာကာ မြေပြင်ပေါ် လဲကျသွား၏။

"တရုတ်ပြည်မ ရဲဌာနကို ဆက်သွယ်လိုက်။" အရာရှိတစ်ယောက်က ဗမာစကားဖြင့် ပြောလိုက်သည်။ "ငါတို့ အစ်ကိုကြီးလု ဆိုတဲ့ တရားခံကို ဖမ်းမိထားပြီလို့ .. သူတို့ကို မေးလိုက်.."

"ဒိုင်း .." အသံသိပ်မကျယ်ပေမဲ့ ကြားလိုက်ရတာ သေနတ်သံမှန်း သိသာနေသည်။

အရာရှိဖြစ်သူရဲ့ ပြောလက်စ စကားက တဝက်တပျက်မှာ ရပ်သွားကာ ကျည်ပေါက်ရာက သူ့ နဖူးပြင် အလယ်တည့်တည့်မှာ ပေါ်လာ၏။ ထိုလူ့အနားရှိ တပ်သားများမှာ ထိတ်လန့်နေကာ၊ ထိုလူ၏ နဖူးပြင်မှ သွေးများ ယိုစီးလာပြီးနောက် မြေပြင်ပေါ် မျက်နှာမှောက် လဲကျသွားသည်ကို ငိုင်ကြည့်နေကြ၏။

"ချောင်းတိုက်တဲ့သူ ရှိတယ်၊ သတိထားကြ" တပ်သားများ အချင်းချင်း သတိပေး အော်ဟစ်လိုက်ကြသည်။ သို့သော်လည်း တခဏအတွင်းမှာပင် သူတို့ အားလုံးကို ဝန်းရံ ပစ်ခတ်လာသည့် တဟုန်ထိုး သေနတ်သံများဖြင့်သာ ရင်ဆိုင်လိုက်ရတော့သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now