Chapter - 42

2K 222 1
                                    

Chapter – 42

အရေးပေါ် အခြေအနေ ဖြစ်သည်မို့ တေဇက စစ်သုံးယာဉ်ဖြင့် ရွှီရွှီနှင့်အတူ တခြား စစ်သား ၂၀ ကျော်ကို တင်ဆောင်ကာ ပေါက်ကွဲမှု ဖြစ်ရာဆီသို့ အလောတကြီး မောင်းချလာ၏။

မနက်ခင်း လင်းရောင်ခြည်က လမ်းမကြီးပေါ် ထိုးကျနေကာ၊ နေရာမလပ် လင်းချင်းနေပြီ ဖြစ်သည်။ အဝေးမှပင် မီးတောက်နှင့် မီးခိုးငွေ့များကို မြင်နေရသည်၊ လူအများအပြားလည်း ကြောက်လန့်တကြား ပြေးလွှားနေကြပြီး လမ်းတလျှောက်ရှိ အိမ်များမှ ပြတင်းပေါက်များ၊ တံခါးများလည်း ပွင့်နေကြကာ၊ အိမ်ရှိလူများက အပြင်မှ ဆူညံလှုပ်ရှားနေရခြင်း အကြောင်းရင်းကို သိချင်စိတ်ဖြင့် ခေါင်းပြူကြည့်နေကြသည်။

သူတို့ စူပါးမားကတ်ကို ရောက်ချိန်တွင် မီးတောက်များက အကုန် လောင်ကျွမ်းလုနီးပါး ဖြစ်နေလေပြီ။ အခါတိုင်း သန့်ရှင်းကာ ၊ နေရာကျယ်ဝန်းသည့် ဆိုင်နေရာက ၊ အခုတော့ ဖုန်များ၊ မီးလောင်ပြာများဖြင့် ဖုံးအုပ်လျက် ရှိနေခဲ့ပြီ၊ ဖုန်ထူထူနှင့် မီးခိုးများလည်း ထွက်နေပြီး၊ အဆောက်အဦ ကြမ်းပြင်ပေါ်တွင် ပျက်စီးနေသော ကုန်သွယ် ပစ္စည်းများနှင့် မှန်ကွဲစများ ပြည့်လျက် ရှိနေသည်။

ထိုနေရာမှာ ဖုန်းလိုင်းလည်း မမိတော့ပြီ၊ ဒါသည် ကျူးလွန်သူက ဖုန်းဖြင့် ထိန်းချုပ်သည့် နည်းပညာဖြင့် ဗုံးကို ဖောက်ခွဲ သွားခဲ့တာကြောင့် နောက်ဆက်တွဲ ပေါက်ကွဲမှုများ ဆက်ဖြစ်ပွားမည်ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် စစ်တပ်ဘက်မှ အင်တာနက် ချိတ်ဆက်မှု အားလုံးကို ဖြတ်ချခဲ့သည်။ သို့ဖြစ်၍ ဘယ်အချိန်မှ ဖုန်းလိုင်း ပြန်မိမည်ကို ဘယ်သူမှ မသိနိုင်ကြပေ။

အခြား အမှုလိုက်ရဲများမှာ အခင်းဖြစ်ရာ နေရာဆီသို့ မရောက်လာနိုင်ကြ၊ သူတို့မှာလည်း တာဝန်ကိုယ်စီ ရှိနေသည်၊ ထို့ကြောင့် သူတို့၏ တာဝန်တွေကိုလည်း ပစ်ပယ်ထား၍ မဖြစ်နိုင်ပေ။ ထိုအရာများထက် ဆက်သွယ်ရေး လိုင်းများ အလုပ်မလုပ်တော့၊ သူတို့ ဆီကို သတင်းရောက်ဖို့ကလည်း အချိန် အနည်းငယ်တော့ ကြာဦးမှာ ဖြစ်သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now