Chapter - 66 (A)

1.7K 195 1
                                    


Chapter – 66 (A)

တောင်နံဘေးတဝိုက်တွင် အပူချိန် တဖြည်းဖြည်း ကျဆင်းလာလေပြီ။ ကောင်းကင်က မှိုင်းပျနေသလို၊ နှင်းခဲဖတ်တို့သည်လည်း စတင် ကျဆင်းလာပြီ ဖြစ်သည်။

လင်ချင်းယန်က ရွှီရွှီ ၏ အရှေ့တွင် ဒူးထောက်လိုက်သည်။ မျက်နှာထက်မှာသော ကြင်နာတတ်သော အပြုံးကို ဆင်မြန်းထား၏။ ရုတ်တရက် .. ရွှီရွှီ ခေါင်းထက်သို့ ကျဆင်းလာသော နှင်းခဲဖတ်တချို့ကို ဖယ်ရှားလိုက်သည်။ ထို့နောက် ရွှီရွှီ၏ မေးဖျားကို ညင်သာစွာ ပင့်မလိုက်၏။

"နှုတ်ခမ်းလေး ဟပါဦး.. မိန်းကလေး"

ရွှီရွှီက သွားကို တင်းတင်းစေ့ထားသည်။ မျက်ဝန်းမှာတော့ မျက်ရည်စများ ဝေ့သီလျက် ..

ကျီပိုင်နှင့် သူတို့ရဲ့ ကလေးလေးကို တွေးမိချိန်မှာ ရင်ထဲ၊ အသည်းထဲက စူးစူးရှရှ နာကျင်လာသည်။

ရွှီရွှီရဲ့ နှုတ်ဆိတ်စွာ တင်းခံနေမှု ကို မြင်တော့ လင်ချင်းယန်၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ချက် ပေါ်ထွက်လာသည်။ ဆေးကို အတင်းအကျပ် တိုက်ကျွေးမည် အပြု .. အနောက်ဘက်မှ ယောင်းမုန်၏ ရယ်သံ ထွက်လာ၏။

"ဟား ..ဟား .. ရှင် ကလေးတွေကို ချစ်လို့ ကလေးတစ်ယောက် လိုချင်တယ်လို့ မပြောခဲ့ဘူးလား။ ထင်ထားသလိုပဲ .. စောက်ရူးဆိုတော့ ကိုယ်ဝန်ဆောင်သည် တစ်ယောက်ကိုတောင် ရှင်က သတ်ဦးမယ်။ ကျမတော့ ရှင်နဲ့ ကိုယ်ဝန်မရတာ ကျေးဇူးတောင် တင်ရမယ်၊ မဟုတ်ရင် ရှင်က ကိုယ့်ကလေးကိုတောင် အဆိပ်ခတ် သတ်ချင် သတ်နေမှာ။"

သူ ပြောနေသည့် အသံက တနည်းနည်းနဲ့ ကြေကွဲနေသလို ထင်မြင်ရသည်။

လင်ချင်းယန် ဆေးဗူးကို ပြန်ချထားကာ ယောင်းမုန်ဘက် လှည့်ကြည့်လာသည်။ သူ စကားပြောလိုက်သည့် လေသံကတော့ ကျောရိုးထဲကပင် စိမ့်လောက်၏။

"မင်း ဘယ်လို ပြောရက်ရတာလဲ။ ကိုယ်တို့မှာ ကလေးတစ်ယောက် ရှိခဲ့မယ် ဆိုရင်၊ ဒီလို တွေ ဖြစ်လာစရာလည်း မရှိဘူး။"

ယောင်းမုန် အနည်းငယ် တုန်ယင်သွားကာ အသက်ကို ပြင်းပြင်း တစ်ချက် ရှိုက်ရှုမိသည်။ လင်ချင်းယန်ကို ခပ်စူးစူးကြည့်ကာ..

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now