Chapter - 18

2.1K 299 6
                                    

Chapter (18)

ကျီပိုင်က သူ ပေကျင်းကို ပြန်လာတာကို သူ့အပေါင်းအသင်းတွေကိုရော၊ မိသားစုကိုပါ အသိမပေးခဲ့။ လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက်၊ နှစ်ယောက်သား တက္ကစီငှားကာ နန်ချိန် ရှိ ပြည်သူ့လုံခြုံရေး ဗျူရိုမှ ပေးထားသည့် ဧည့်ရိပ်သာ သို့သာ တန်းသွားလိုက်ကြသည်။

မြို့တော် ပေကျင်းရဲ့ ညခင်းလေးက ဆူညံပြီး လူထူထပ်နေသည်။ မြင့်မားလှတဲ့ အဆောက်အဦကြီးများက နေရောင်အောက်မှာ တောက်ပ ခန့်ညားနေ၏။ ဧည့်ဂေဟာ က သိပ်ပြီး လူမစည်ကားလှတဲ့ နေရာက ငါးထပ် အဆောက်အဦတစ်ခု ဖြစ်သည်။ ဟောင်းနွမ်းနေတဲ့ အနီရောင်ကော်ဇော တစ်ချပ် ဖြန့်ခင်းထားကာ၊ နံရံမှာလည်း ၁၉၉၀ ခုနှစ်များဆီက ပုံစံဖြစ်တဲ့ နံရံကပ်စက္ကူ အဝါရောင်များဖြင့် ကပ်ထားသည်။ ဧည့်ကြိုစားပွဲမှ ဝန်ထမ်းကလည်း အစိုးရ လုပ်ငန်း ဖြစ်သည်မို့ သိပ်ပြီး စိတ်ပါလက်ပါ ရှိပုံ မရနေ။

သို့ရာတွင် ကျီပိုင်ရော ရွှီရွှီပါ ဒါတွေကို သိပ်ဂရုမစိုက်လှ။ သူတို့ အခန်းနှစ်ခန်း ယူလိုက်ပြီး ခရီးဆောင်အိတ်တွေကို အပေါ်ထပ်ကို ဆွဲယူကာ ကိုယ့်အခန်းကိုယ် အသီးသီး ဝင်လိုက်ကြသည်။

ကျီပိုင်က ရေချိုးပြီးနောက် ခပ်ပွပွ တီရှပ်နှင့် ဘောင်းဘီရှည်ကို ဝတ်လိုက်၏။ ကွန်ပျူတာကို ဖွင့်လိုက်ချိန်မှာတော့ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ရွှီရွှီ ပါ၊ သူက လပ်တော့ပ်တစ်လုံး မ.ကာ တံခါးဝမှာ ရပ်နေ၏။ သူ့ မျက်နှာသွယ်လျလျ ထံမှာတော့ ဘယ်လို မတူခြားနားတဲ့ အကြည့်မျိုးမှ ရှိမနေ.. "ဒီညလည်း ကျမတို့ အလုပ်လုပ်ကြရမှာ မဟုတ်လား"

သူ့ကြည့်ရတာ အခုမှ ရေချိုးပြီးတော့ တီရှပ်နှင့် ပေ့ါပေ့ါပါးပါး ဘောင်းဘီရှည်တစ်ထည် လဲဝတ်လာပုံရသည်။ သူ့ရဲ့ ရေစိုနေတဲ့ ဆံပင်တိုတိုတွေက နဖူးပြင်နားမှာ ကပ်နေကာ သူ့ရဲ့ လန်းဆန်းနေတဲ့ မျက်ဝန်းလေးများကလည်း ပုံမှန်ထက်ကို ပိုမို တောက်ပကြည်လင်နေလေသည်။

ကြည့်ရတာ အကောင်ပေါက်လေး တစ်ကောင်နဲ့ ပိုတူနေ၏။

ကျီပိုင်က အကောင်ပေါက်ထံမှ အကြည့်လွှဲပြီး မိမိ အခန်းထဲ ဝင်စေလိုက်သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now