Chapter - 32

2.2K 296 3
                                    

Chapter – 32

မှောင်ရီပျိုးချိန် နီးလာပြီမို့ လမ်းများပေါ်ရှိ လမ်းမီးများ ထွန်းလင်းလာကြသည်။

မြို့ငယ်လေးရှိ အိမ်ထောင်စုများမှာ ညစာစားပြီးချိန်ဆိုလျှင် အပြင်မှာ လမ်းလျှောက်လေ့ ရှိကြသည်၊ ထို့ကြောင့် မကြာမီမှာပင် ဟိုတယ် ဝင်ပေါက်နားတွင် ဖြတ်သန်းသွားလာသူများ များပြားလာသည်။ ဖြစ်နေကြ ဖြစ်စဉ်မို့ ဟိုတယ်ပိုင်ရှင် အမျိုးသမီးက ဝင်ပေါက်နားမှာ ထိုင်ပြီး လူအများနှင့် စကားစမြည် ပြောရန် ခုံတစ်လုံး ယူလာကာ ၊ နေကြာစေ့စားရင်း ရယ်ရွှန်း ဖတ်ရွှန်း ပြောဆိုနေလေတော့၏။ မြင်ကွင်းရှိ အရာအားလုံးက အေးချမ်းကာ သက်တောင့်သက်သာ ရှိနေကြ၏။

တစ်ဖက်မှာတော့ ကျီပိုင်၊ ဆုမုနှင့် ယောင်းမုန်တို့က ကားထဲထိုင်ရင်း လမ်းမပေါ်ကို အားတက်သရော စူးစိုက်ကြည့်နေကြ၏။ ထိုအချိန်မှာ သာမန် အဝတ်အစားများ ဝတ်ဆင်ထားတဲ့ ရဲဝန်ထမ်းများက သိပ်မဝေးတဲ့ နေရာနားမှာ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြစဉ် ဟိုတယ်ဝင်ပေါက်နားရှိ စူပါမားကတ်မှာတော့ လူစည်ကားနေလေ၏။

သူတို့ စောင့်ကြည့်နေသည်မှာ ဆယ်နာရီ ကျော်ကြာနေပေပြီ၊ စိတ်ချရလောက်သည့် သတင်းများအရ ချန်းယုန်က ဒီနေ့မှာ ဟိုတယ်ကို ပြန်လာမည် ဖြစ်သည်။ ညက တဖြည်းဖြည်း နက်လာသည်၊ မှုခင်းရဲများသည်လည်း တဖြည်းဖြည်း သတိ အနေအထား ဖြစ်လာသည်။

ယောက်ယက်ခတ်နေကြသော လူအုပ်ကြားထဲ၊ မထင်မရှား ၊ မပိန်မဝ ကိုယ်ခန ္ဓာနှင့် ယောကျ်ားတစ်ယောက် စူပါမားကတ်ထဲမှာ ဟိုတယ် ရှိရာသို့ လျှောက်လာနေသည်။ သူ့ရဲ့ ခက်ထန်တဲ့ အမူအရာက ခြောက်လှန့်သလိုပုံစံမျိုး ဖြစ်နေသည်မို့၊ လှုပ်ရှားသက်ဝင်နေသည့် ပတ်ဝန်းကျင်ထဲ ထောပတ်ကို ဓါးပူပူနှင့် ပိုင်းလိုက်သလို ဖြစ်သွားလေသည်။

ရုတ်ချည်းပင် ဇဝေဇဝါ ဖြစ်လာသလို သူ့ အနီး ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်ရှုလာကာ၊ တစ်ခုခုတော့ လွဲနေပြီဆိုတာကို သတိပြုမိသွား၏။

"သွားကြတော့ .." ကျီပိုင်က အသံနိမ့်နိမ့်ဖြင့် တစ်ချက် အော်လိုက်သည်။ ရဲဝန်ထမ်းများ လမ်းထောင့်နေရာတိုင်းမှာ ထွက်လာကြကာ ချန်းယုန် ရှိရာဆီ ဝိုင်းလာကြ၏။ သို့သော် ချန်းယုန်က အလွန် လျှင်မြန်စွာ တုံ့ပြန်လာပြီး၊ သူ့ကို ဝင်စီးတော့မည့် အခိုက်အတန့်မှာပဲ အဝေးဆီမှ ခြေသံပြင်းပြင်းများ ကြားရသည်နှင့် ချက်ချင်းပင် ဦးတည်ရာမဲ့ စတင် ပြေးလွှားတော့သည်။ ရဲများကလည်း ဒီ့အတွက် အသင့်ပြင်ပြီး ဖြစ်နေသည်မို့၊ လူငယ်ရဲတစ်ယောက်က ချန်းယုန်ရှိရာဘက် အရင်ဆုံး ပြေးထွက်သွားကာ သူ့ကို ရိုက်လိုက်၏။ မကြာခင်မှာပဲ ကျန်သည့် ရဲဝန်ထမ်းများက သူ့အနား ဝန်းရံရောက်ရှိလာ၍ ချန်းယုန်အား မြေပြင်ပေါ် အားဖြင့် ဖိထားလိုက်ကြ၏။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now