Chapter - 16

2.1K 292 5
                                    

Chapter (16)

ကျီပိုင် ထပ်ဖြည့်လာတဲ့ နှစ်ချက်ကို ကြားရတော့ ရွှီရွှီ မင်သက်သွားမိသည်။ များပြားလှစွာသော အသေးစိတ်အချက်များက သူ့စိတ်ထဲ တဖျတ်ဖျတ် အရိပ်ထင်လာသည်။ ဒါတွေက မသဲကွဲသော်လည်း ဒီအချက်တွေက သေချာလုနီးပါး ဖြစ်နေလေသည်။

ကျီပိုင်က အချိန်ယူကာ အသံနိမ့်နိမ့်ဖြင့် ပြောလာ၏။

"ခန္ဓာကိုယ်အောက်ပိုင်းက ဒဏ်ရာက လက်ရာ သပ်ရပ်မှု မရှိဘူး။ ဒဏ်ရာတွေ များနေတယ်ဆိုတော့ တရားခံက နစ်နာသူကို အကြိမ်ပေါင်းများစွာ ဓါးနဲ့ ထိုးဖို့ ကြိုးစားခဲ့တာ ဖြစ်ရမယ်။ တခြား ဒဏ်ရာ လေးချက်ကျတော့ သန့်ရှင်း၊ သပ်ရပ်နေတယ်။ ဒီတော့ ကျူးလွန်သူဟာ နှစ်ယောက်ပဲ ဖြစ်တော့မပေါ့။ ဒါက ဘာလို့လဲဆိုတော့ လူနှစ်ယောက် သုံးသွားတဲ့ နည်းလမ်းက လုံးဝ ကွဲပြားနေလို့ပဲ။" သူက တည်ငြိမ်အေးဆေးစွာ ရှင်းပြလိုက်သည်။

"အဲ့ဒီအချက်ကို ငါလည်း လက်ခံတယ်။" အရာရှိဝူက ခေါင်းညိတ်နေသည်။

အခြား မှုခင်းရဲ တစ်ယောက်က ဝင်မေး၏။

"လူတစ်ယောက်တည်းရော မဖြစ်နိုင်ဘူးလား။ တရားခံက အစပိုင်းမှာ စိတ်မတည်ငြိမ်လို့ ဓါးကိုင်ရ လက်မငြိမ်ဘဲ ဖြစ်နေပြီးမှ၊ တဖြည်းဖြည်း ကျင့်သားရလာတာလည်း ဖြစ်နိုင်တာပဲလေ။"

အရာရှိဝူက ပြန်ဖြေ၏။

"ဓါးက ခန္ဓာကိုယ်ကို ထိုးခွဲသွားတဲ့ အနေအထားနဲ့ လားရာက မတူနေဘူး။ ဒီတော့ လူတစ်ယောက်တည်းက လုပ်တာ မဖြစ်နိုင်ဘူး"

ရွှီရွှီက ဓါးနဲ့ ဆက်နွယ် ထိခိုက်တဲ့ အမှုမျိုးကို မကြုံဖူးသေး။ သို့ပေမဲ့ မိမိရဲ့ အဓိကဘာသာရပ်နဲ့ ဆက်နွယ်နေတာတွေကို နားထောင်ရတော့၊

"ကျူးလွန်သူက တဖြည်းဖြည်း ကျင့်သားရတာမျိုး ဆိုရင်တောင်၊ လူတစ်ယောက်ဟာ ပထမတစ်ကြိမ် တိုက်ခိုက်မှုမှာ လက်တွန့်နေပြီး၊ ဒုတိယတစ်ကြိမ် တိုက်ခိုက်မှုမှာ ယုံကြည်မှုရှိရှိ၊ တိတိကျကျ ဖြစ်လာတယ် ဆိုတာမျိုးက ဖြစ်နိုင်ချေ မရှိဘူး။ ဒါဟာ စိတ်အခြေအနေ မတူညီတဲ့ ကျူးလွန်သူ နှစ်ယောက်က လူသတ်မှု ကျူးလွန်ခဲ့ကြတယ်ဆိုတာကို ပြနေတယ်။ သူတို့ထဲက တစ်ယောက်က တုံ့ဆိုင်းပြီး ကြောက်နေမယ်၊ နောက်တစ်ယောက်ကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးသား ဖြစ်နေတယ်။ အကယ်၍ လူတစ်ယောက်တည်းဆိုရင်၊ ဒါဆို သူ့ရဲ့ စိတ်အခြေအနေက ဒီလို အချိန်ပိုင်းလေး အတွင်းမှာ အဲ့လောက် ပြောင်းလဲနိုင်ပါ့မလား"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now