Hyung က ပါးစပ်အနည်းငယ်ပွင့်ကာ အံ့သြနေပေမယ့် သူကတော့ အသက်မပါတဲ့ ခပ်ပါးပါးအပြုံးတစ်ခုဖြင့် ကျွန်တော့်ကို ငေးစိုက်ကြည့်လာသည်.....
''Aww.. အင်းပါ.. hyungဒီမှာပဲနေမယ်နော်..
ဒါနဲ့ Sehun shi.. Koreaပြန်သွားပြီလို့ ကြားခဲ့တာ.. ဘယ်တုန်းကပြန်ရောက်နေတာလဲ...''
''အာ.. အရင်တစ်ပတ်ကမှပြန်ရောက်တာ.
အရိုးပြာလာမျှောရင်းနဲ့.... အင်း.. ပြီးတော့
တစ်စုံတစ်ယောက်ကိုလွမ်းလို့... ''
ဆုပ်ကိုင်ထားသော Hyung လက်ကို အကြောင်းမဲ့ငေးနေရင်း ကြားလိုက်ရသော စကားကြောင့် မျက်ဝန်းအကြည့်တို့က သူ့ဆီဒိုင်းခနဲ....
စကားတစ်ခွန်းကိုမပြောခင်
အနည်းဆုံးတော့ ပြောသင့်မပြောသင့်သူစဉ်းစားခဲ့ဖို့ကောင်းသည်...
သူပြောတဲ့ ''တစ်စုံတစ်ယောက်''
ဆိုသော နာမ်စားသည် မည်သူ့ကိုရည်ညွှန်းသလဲဆိုတာ သူရော .. ကျွန်တော်ရော.. နောက်... Hyung ပါ သိနေပြီးသားမို့..
ကျွန်တော့်ကိုမဟုတ်တောင်
Hyungကို အားနာသောအားဖြင့်..
သူမပြောခင် စဉ်းစားသင့်သည်မဟုတ်လား..
ပြီးတော့.. အရိုးပြာ...
သူဘာကိုဆိုလိုတာလဲ...
''အရိုးပြာ ဆိုတာက.. ''
''Hari ဆုံးပြီ Han ''
''ဟမ်.... ''
အံ့သြမှုနှင့်အတူ အယောင်ယောင်အမှားမှားဖြင့်
Hyung လက်ကို ဖြုတ်ချမိလိုက်သည်...
''ဘယ်လိုဖြစ်ပြီး......''
ကျွန်တော်တစ်ယောက်သာမက Hyung ကပါ အံ့သြသွားပုံရသည်..
ဒါဆို ဒီကိစ္စ Hyungလည်းမသိဘူးပေါ့....
''Koreaကိုပြန်ပြီး 2လလောက်ကြာကတည်းက ဆုံးသွားတာ.. ရေချိုးခန်းထဲချော်လဲတာလေ..
ကံမကောင်းစွာပဲ ကလေးရော သူရော ဆုံးသွားခဲ့တယ်... ''
ဒီကိစ္စကို မျက်နှာတစ်ချက်မပျက်ပဲ အေးအေးဆေးဆေးပြောနိုင်တဲ့သူ့ကို ကြည့်ပြီး ထပ်အံ့သြရပြန်တယ်..
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
Extra 2
Start from the beginning
