နောက်ကျိနေသော စိတ်ကြောင့် ရုံးဆင်းကတည်းက
စိတ်ပြေလက်ပျောက်သဘောမျိုး မြစ်ကမ်းဘေးသွားထိုင်နေမိရာမှ ....
မမျှော်လင့်ဘဲ အတွေးထဲဝင်ရောက်လာသော
ပုံရိပ်အချို့ကို အလိုက်အထိုက်စိတ်ထဲနေရာပေးမိရာကနေ သတိမထားမိလိုက်ဘဲ နာရီအတော်များများကို
ဖြုန်းတီးပစ်လိုက်မိခြင်း.........
လွန်ခဲ့သော နှစ်အနည်းငယ်....
အင်း.... ၄နှစ်ကျော်ဆိုတော့လည်း နှစ်အနည်းငယ်ပဲပေါ့လေ.....
ထိုအချိန်က.....
တိတိကျကျပြောရလျှင် ကိုယ်ရူးမိုက်ခဲ့စဉ်က...
ကိုယ့်စိတ်ရဲ့နယ်ပယ်အချို့ကို နေရာယူခဲ့ဖူးပါသောသူမ......
ပြစ်ချက်ဟူ၍ ဘာမှရှာမရသောသူမ....
ပညာရေး...
အသိုင်းအ၀ိုင်း...
အလှအပ ဆိုတွင်လည်း ရုပ်အလှပြည့်စုံသည်သာမက
စိတ်ထားလေးကပါ နူးညံ့ဖြူစင်သောသူမ......
ထိုသို့သော ဖြူဖြူစင်စင်ကောင်မလေး....
Xiao Luတစ်ယောက်တညိး၏အချစ်နှင့်
မတင်းတိမ်နိုင်သော လူမိုက်ကျွန်တော်၏
ဟန်ဆောင်အချစ်လှည့်ကွက်များတွင်
ကျေနပ်စွာ အလှည့်စားခံပေးခဲ့သောသူမ.......
Xiao Luကို မစွန့်လွှတ်နိုင်တာ သေချာသွားသော ကျွန်တော်က..
သူမကိုလှည့်စားခဲ့ကြောင်း ၀န်ခံခဲ့ပြီး
Xiao Luကိုသာ ချစ်ကြောင်း သူမရှေ့မှောက်တွင်
အေးစက်စက်ပင် ဖွင့်ဟခဲ့သောအခါ...
မျက်ရည်လေးတွေဝဲကာ
ခွင့်လွှတ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သူ.......
ရက်စက်ခဲ့သော ကျွန်တော့်ကိုစိတ်နာဖို့နေနေသာသာ
Xiao Luနှင့်အချစ်လမ်းတွင် အစစအရာရာအဆင်ပြေစေရန် ဆုတောင်းပေးခဲ့သူ.......
ထိုမိန်းကလေးသည်.......
၎နှစ်ကျော်ကြာအပြီးတွင်
ကျွန်တော်အလုပ်လုပ်ကိုင်ရာ companyတွင်
Managerဟူသော ရာထူးဖြင့်
ပြန်လည်ပတ်သက်လာစေရန် အကြောင်းဖန်ခဲ့ပေပြီ......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
