မင်းတစ်ယောက်ကိုပဲကြည့်ပြီး
မင်းအတွက်ပဲရှင်သန်တော့မှာမို့..
ကျေးဇူးပြုပြီး ကိုယ့်တစ်ယောက်တည်းကိုသာ
နှလုံးသားထဲ ထည့်ထားပေးပါ ကလေး...
•••••••••PAIN•••••••••
''Appa..!!.....''
လက်ထဲကရေခဲမုန့်ကို ပစ်ချပြီး ပြေးလာတဲ့သမီးလေးကို
ကျွန်တော် ဆီးပွေ့လိုက်သည်....
သမီးအသံကြားမှသာ ကျွန်တော်ရောက်နေမှန်းသတိထားမိသွားကြတဲ့ Xiao Luနဲ့ Suho Hyung...
ကျွန်တော့်ကိုမြင်တော့ အံ့သြသွားဟန် ပါးစပ်လေးဟသွားပြီးမှ လှိုက်လှိုက်လှဲလှဲပြုံးပြသော ကျွန်တော့်အသက်.....
''Hun... ခွင့်ယူခဲ့တာလား....
ကြိုလည်းမပြောဘူး...''
သမီးကိုပွေ့လျက်နှင့်ပင် သူတို့ထိုင်နေရာနားသွားကာ လက်ထဲက ကိတ်မုန့်ကိုချလိုက်သည်.....
သမီးကိုလည်း ကိုယ်ပေါ်မှဆင်းစေကာ...
''အင်း... surpriseဖြစ်စေချင်လို့လေ....''
အရှိန်မသေသေးတဲ့ ကသိကအောက်ခံစားချက်ကို
မြိုချကာ ရွှင်ရွှင်မြူုးမြူးပင် တုံ့ပြန်လိုက်သည်.....
''Woah.... Birthday Cakeလား... လှလိုက်တာ....ခ်ခ်.. Appa အကောင်းဆုံးပဲ... ရွှတ်...''
Birthday Cakeကို သဘောတကျကြည့်ပြီး
ကျွန်တော့်ပါးကို ရွှတ်ခနဲနမ်းသော သမီးလေးကြောင့်
ကျွန်တော်တို့သုံးယောက်လုံး ပြုံးမိသည်....
''ခ်ခ်... Appaညစ်ပတ်အိုး....''
အယ်.....
သမီးစကားကြောင့် မျက်နှာကို လက်နဲ့ပွတ်ကြည့်တော့
လက်ထဲပါလာသော ရေခဲမုန့်များ....
ဝက်ပေါက်လေးက ရေခဲမုန့်စားထားတာ မသုတ်ဘဲ ကျွန်တော့်ကိုလာနမ်းတာကိုး.....
ကလေးစုတ်လေး...
''ဟယ်...Hun..ပါးမှာ...အဟိ...''
ချစ်ရသူကပါ ကျွန်တော့်ကိုကြည့်ပြီး အသံထွက်အောင်ရယ်သည်....
Suho Hyungကလည်း ပြုံးစိစိ....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
