~~22~~

2.2K 191 22
                                        


''Lu.....''

''အင်း....​...''

သူ့ဆီအကြည့်​တစ်​ချက်​မပို့ဘဲ စားလက်​စ ထမင်းကိုသာ အာရုံစိုက်​ရင်း စကား​ထောက်​​ပေးလိုက်​သည်​.....

''ကိုယ်​ ....ဂျပန်​စာသင်​ချင်​တယ်​...''

ပါးစပ်​ထဲက ဟင်းဖတ်​ကို ၀ါး​နေရင်းပင်​မျက်​လုံးလှန်​ကြည့်​လိုက်​ကာ...

''ဘာလို့လဲ....ငါအခုမင်းကို သင်​​ပေး​နေတာပဲ​လေ.....''

ကျွန်​​တော်​နှင့်​ သူ အတူရှိချိန်​တိုင်းလိုလို....
အနည်းဆုံး တစ်​လုံး စ နှစ်​လုံးစ​တော့ သူ့ကိုသင်​​ပေးဖြစ်​တာ အခုဆို ၁လနီးပါးရှိ​ရော​ပေါ့.....

အပြင်​မှာ ထပ်​သင်​ဖို့မလိုဘူးလို့ထင်​တာပဲ​လေ.....

''မဟုတ်​​သေးဘူး​လေ......ကျွန်​​တော်​က ​အမြဲ ဒီလိုကြီး​နေလို့မှမရတာ...အနည်းဆုံး​တော့ အလုပ်​လုပ်​ရဦးမယ်​​လေ.... အဲ့အခါကျရင်​ ​​သေချာ​လေး​တတ်​ထားမှဖြစ်​မှာ​ပေါ့ .....''

ဟုတ်​​တော့လည်းဟုတ်​သည်​......

ကျွန်​​တော့်​တစ်​​ယောက်​တည်းကိုသာ ကြည့်​ကာ
ဒီလို​ရေခြား​မြေခြားမှာ တစ်​​ကိုယ်တည်း​​လာ​နေ​နေတဲ့သူက အနည်းဆုံး​တော့ ဒီ​မြေရဲ့ဘာသာစကားကို
သေ​သေချာချာ​လေးတတ်​ထားသင့်​သည်​မဟုတ်​လား......

ကျွန်​​တော်​ဆိုသည်​မှာလည်း သူ့ကို ​နေ့စဉ်​ရက်​ဆက်
စနစ်​တကျသင်​ပြ​ပေးနိုင်​သူမဟုတ်​​လေ​တော့.....

''ဟုတ်​ပါပြီ....ငါစုံစမ်း​ပေးထားမယ်​.......''

''ရတယ်​....ကျွန်​​တော်​စုံစမ်းပြီးပြီရယ်​...
ဒီက​နေ ၃လမ်း​ကျော်​​လောက်​မှာပဲ...Sakura Ko တဲ့... Foreigner​တွေအတွက်​ သီးသန့်​ဖွင့်​​ပေးထားတာ......''

သောက်​လက်​စ​ရေ မသီး​အောင်​ မနည်းဂရုစိုက်​လိုက်​ရသည်​....

ဘုရား​ရေ....သူဟာ ဒီအတွက်​သိပ်​ကို စိတ်​အားထက်​သန်​လွန်း​နေပါလား......

''အင်း.....တက်​​လေ.....''

ဒီ​လောက်​သာ ​ပြောပြီး စားလက်​စထမင်းကိုပင်​ဆက်​စား​နေလိုက်​သည်​......

^^PAIN^^Where stories live. Discover now