~~12~~

2.6K 215 8
                                        

''Suho Hyung..ကျွန်​​တော်​၀င်​ခဲ့မယ်​​နော်​...''

Suho Hyung အခန်းအ​ရှေ့မှ တံခါး​ခေါက်​ကာ ၀င်​ခွင့်​​တောင်းလိုက်​​တော့ ၀င်​ခဲ့ဟူ၍ တုန့်​ပြန်​သည်​မို့
တံခါးအသာဖွင့်​ကာ အခန်းထဲဝင်​သွားလိုက်​သည်​......

''ဘာကိစ္စလဲ Luhan...''

''ကျွန်​​တော်​..ဟို​လေ..​မေးစရာ​လေးရှိလို့....''

Suho Hyung က ကွန်​ပျူတာ​ဆိမှ အကြည့်​ခွာကာ
ကျွန်​​တော့်​ကို ကြည့်​ပြီး ​ပြော​လေ..ဆို​သော ပုံဖြင့်​​မေးဆတ်​ပြသည်​...

''ဟို...ကျွန်​​တော်​သိချင်​တာက​လေ...အင်း..ဘယ်​လို​ပြောရမလဲဆို​တော့....''

မေးသင့်​မ​မေးသင့်​ချိန်​ကာ တွန့်​ဆုတ်​တွန့်​ဆုတ်​ဖြစ်​​နေ​သော ကျွန်​​တော့်​ကို ကြည့်​ကာ Hyung က ချိုသာစွာပြုံးပြသည်​....

''​မေးပါ...ဘာ​တွေ​ကြောက်​​နေတာလဲ...​မေးချင်​တာ​မေး​လေ...''

''ဟုတ်​..ဟို​လေ..ကျွန်​​တော့်​ကိုဘာလို့ Korea​ခေါ်လာတာလဲဟင်​...တကယ်​ဆို ကျွန်​​တော်​မလိုက်​လည်း ဖြစ်​တဲ့ ခ၇ီးပဲ​လေ....အဲ့တာ...​မေးချင်​လို့..''

''Arr..အဲ့ဒါလား....''

နားထင်​ကို လက်​ဖြင့်​ကုတ်​ကာ
မျက်​ခုံးပင့်ြ်ပီး ​စကားအစချီလိုက်​​သော Suho Hyung

''မင်း Koreaကို လွမ်း​နေမယ်​ထင်​လို့​လေ...
အဲ့ဒါ​တွေက
မင်းမျက်​နှာ​မှာ​ပေါ်​နေတယ်​...
အင်း...မင်း​ရေးတဲ့သီချင်း​တွေထဲမှာလဲ အရိပ်​အ​ယောင်​တချို့​တွေ့လို့​လေ.....''

ကျွန်​​တော်​ဘာမှမ​ပြောနိုင်​ဘဲ ​ခေါင်းသာငုံ့ထားမိသည်​....

မျက်​နှာရိပ်​မျက်​နှာကဲ ခတ်​တာ အလွန်​​တော်​လွန်း​သော Suho Hyung.....

လူတစ်​​ယောက်​၏ မျက်​နှာအမူအရာကို ကြည့်​ရုံနှင့်​ပင်
စိတ်​ထဲဘယ်​လိုရှိသည်​ကို ခန့်​မှန်းနိုင်​​ပေသည်​....

ထို့​ကြောင့်​လည်း ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ​အောင်​မြင်​​သော လုပ်​ငန်းရှင်​ တစ်​​ယောက်​ဖြစ်​​နေခြင်းပင်​ဖြစ်​မည်​.....

^^PAIN^^Where stories live. Discover now