''Haha..အဲ့တော့ မင်းသူ့ကို ၃ရက်လောက်အခန်းထဲပေးမဝင်ဘူးပေါ့..ဟုတ်လား....''
''အေးပေါ့...စဉ်းစားလေ..ပေးဝင်စရာလား...
လူလိုသူလိုမှမလုပ်တာ....''
Xiao Lu စကားကို ပက်ခနဲပြန်ဖြေလိုက်သော
Baekhyunစကားကြောင့် Sehun စားလက်စထမင်းပင် သီးသွားသည်.....
'ဘာရယ်...ဘာက..လူလိုသူလိုမလုပ်....''
''Yrr.... ကော်ဖီပူပူကို လူလိုသူလိုယူမလာဘဲနဲ့
မျောက်ကို နတ်ပူးသလို ရွစလိတက်ပြီးယူလာတာကိုပြောတာ... မှောက်ကျပြီးငါ့ပေါင်တောင်အပူလောင်သွားတယ်.. မယုံရင်ကြည့်မလား....''
ပြောရင်းဆိုရင်း အားတွေပါပြီး တကယ်လှန်ပြမလို့လုပ်နေတဲ့ Baekhyun ကို Chanyeol မျက်တောင့်နီကြီးနဲ့ကြည့်ပြီး ပြန်ဆွဲထားရသည်....
အဖြစ်အပျက်အစအဆုံးကိုကြည့်ပြိး တခွိခွိဖြစ်နေသူက Luhan.....
KIKI..??
အဲ့ကလေးလေးက မြန်မြန်ဆန်ဆန်စားပြီး
Suho Hyung လက်ဆောင်ပေးထားတဲ့ ဂိမ်းစက်အသစ်လေးကို သွားကလိနေလေရဲ့....
လိုက်လည်းလိုက်တဲ့ တူဝရီးတွေ....
Ting tong~~~
''bellသံကြားတယ်...ဘယ်သူပါလိမ့်... Suho Hyung များလား...''
စားလက်စကို လက်စသတ်ပြီး တံခါးဖွင့်ပေးဖို့ရာ
အိမ်ရှေ့ထွက်လာလိုက်သည်....
အပြုံးလေးဆင်မြန်းကာ တံခါးလက်ကိုင်ဘုကိုလှည့်လိုက်ပြီး...
''Hyung..ဒီအချိန်ကြီးဘာ.......''
ကျွန်တော့်စကားလုံးများ လေထဲတွင်ပင်ရပ်တန့်သွားသလို
မျက်နှာပေါ်က အပြုံးများလည်း ရုပ်ချည်းပျောက်ကွယ်သွားသည်.....
''Hunnie..ရှိလား.....''
ကျွန်တော့်နားထဲ မိုးကြိုးပစ်ချလိုက်သလို....
ဘာရယ်...Hunnie....
Sehunကို သူမသုံးလိုက်တဲ့နာမ်စားက.... Hunnie??...
အဲ့ဒါကလည်း.... ကျွန်တော့်ရှေ့မှာ.....
သူမို့...မရှက်မရွံ့...ခေါ်ရဲတယ်....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
