''Hari ...Hari....!!...''
တံခါးကိုခပ်ပြင်းပြင်းထုလိုက်ပြီး စက္ကန့်ပိုင်းလောက်အကြာ... တံခါးပွင့်လာခဲ့သည်....
တွေ့လို်က်ရတဲ့ သူမမျက်နှာမှာ စိုးရိမ်မှုတွေကအထင်းသား.....
''Hunnie ah...''
''ဘယ်လိုဖြစ်တာလဲ....ခုကော.. အဲ့သူခိုးဘယ်မှာလဲ..''
ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်ရင်းမေးလိုက်တော့
သူမက ကျွန်တော်နှင့်မျက်နှာချင်းဆိုင်မှာလာထိုင်သည်....
''Hunnieဆီဖုန်းဆက်ပြီးသိပ်မကြာဘူး..
ညဘက်ကင်းလှည့်တဲ့ရဲတွေ အိမ်နားရောက်လာတာနဲ့
Hariလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး အော်လိုက်တာ...
အဲ့...အဲ့သူခိုး ရဲတွေနဲ့ပါသွားပြီ....
ဟင့်... သူခိုးက Hariတစ်ယောက်တည်းနေတာသိလို့
လူကိုပါဒုက္ခပေးချင်တဲ့ပုံပဲ... အခန်းနားထိကိုရောက်လာတာ... Hari အရမ်းကြောက်တာပဲ... ဟင့်...''
ပြောရင်းဆိုရင်း ကျွန်တော်ရင်ခွင်ထဲ ဝင်လာသောသူမ...
ပုံမှန်အခြေအနေမျိုးသာဆိုလျှင် တွန်းဖယ်မိမှာအမှန်...
သို့ပေမယ့် ခုက သူမအရမ်းကြောက်နေမှာမဟုတ်လား....
ပြန်မဖက်သော်လည်း ငြိမ်နေပေးလိုက်သည်...
ခဏအကြာ သူမလူချင်းပြန်ခွာသွားပြီး...
''Hari နားရင်နားတော့လေ... သေချာအိပ်လိုက်နော်.. တံခါးlockသေချာချ... ကျွန်တော်အပြင်မှာစောင့်ပေးမယ်.. ဘာမှမကြောက်နဲ့..ဟုတ်ပြီလား....''
ခေါင်းလေးငြိမ့်ကာ မျက်ရည်စမ်းစမ်းနှင့် အခန်းထဲဝင်သွားသော သူမကို ဘာရယ်မဟုတ် မျက်စိတစ်ဆုံးကြည့်နေမိပြီး... သူမမြင်ကွင်းမှပျောက်သွားမှသာ သက်ပြင်းအသာချရင်း ဖုန်းထိုင်သုံးနေလိုက်သည်....
ခဏလောက်တော့ စောင့်ပေးလိုက်မည်....
သူမအိပ်ပျော်သွားလောက်တော့မည့်အချိန်မှသာ ပြန်လိုက်တော့မည်....
အတွေးကိုခေါင်းတဆတ်ဆတ်ငြိမ့် ကိုယ့်ဘာသာပြန်ထောက်ခံရင်း ဂိမ်းကိုသာ အာရုံစိုက်ဆော့နေလိုက်လေသည်.......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
