~~18~~

2.4K 202 22
                                        


တဖွဲဖွဲကျ​နေတဲ့ နှင်းစက်​​တွေနဲ့အပြိုင်​ တလွင့်​လွင့်​နဲ့​လေထဲ​မြော​နေကြတဲ့ sakuraဖြူဖြူ​ဖွေး​ဖွေးတို့ကို
ငေး​မောရင်း မပြီးပြတ်​​သေး​သော သံစဉ်​တစ်​ပုဒ်​အား
အလှပဆုံးသီကုံး​နေမိသည်​........

ရင်​ထဲက အရာရာကို တဖြည်းဖြည်းနဲ့ဖွင့်​အံချ​နေရင်း
............စာရွက်​​ပေါ်က ခဲတံရာ ​ကွေ့​ကောက်​​ကောက်​​လေး​တွေ၏ ဆိုလိုရင်းသည်​ တဖြည်းဖြည်းနူးညံ့စွာ ရုပ်​လုံး​ပေါ်လာသည်​.....

မျက်​လုံး​လေး​တွေမှိတ်​လို့ ပြတင်း​ပေါက်​က၀င်​လာတဲ့
နှင်းစက်​​လေး​တွေရဲ့ ​အေးစက်​စက်​အထိအ​တွေ့​တွေကို ခံစားရင်း......

နှလုံးသားရဲ့ ​တေးသီသံကို နားစွင့်​ရင်း......

ထိုသံစဉ်​အတိုင်းပင်​ စာရွက်​ဖြူလွလွ​လေး​ပေါ်တွင်
အက္ခရာတို့အား အလိုလို ​ဖွဲ့သီမိ​နေသည်​ ။

သိပ်​ကို ​အေးချမ်း​သော ....သာယာ​သော
ကျွန်​​တော့်​ကမ္ဘာ​လေးပင်​.....

''Lu....''

အ​နောက်​ဘက်​မကျတကျဆီက ထွက်​​ပေါ်လာ​သော
အက်​ရှရှအသံ​လေး​ကြောင့်​ ​တွေးလက်​စ အ​တွေးကိုရပ်​လို့ သူ့ဘက်​လှည့်​ကာ နူးနူးညံ့ညံ့​လေးပြုံးမိသည်​.......

ကျွန်​​တော်​စိတ်​ကြည်​​နေတယ်​​လေ.....

''အင်း...Sehun..​ပြော​လေ....''

လက်​နှစ်​ဖက်​ကို ​နောက်​ပစ်​ကာ
ကျွန်​​တော့်​ဆီသူ လှမ်းလာသည်​.....

နဖူး​ပေါ်ခပ်​၀ဲဝဲကျ​နေ​သော ဆံနွယ်​တို့၌ ကပ်​ညိ​နေ​သော
ရေစက်​များအရ သူ​ရေချိုး​ခေါင်း​လျှော်​ပြီး ကျွန်​​တော့်​ဆီ​ရောက်​လာမှန်းသိလိုက်​သည်​.......

သိပ်​ပဲများတဲ့ ကျွန်​​တော့်​ သူစိမ်းချစ်​သူ​လေး....

''ပျင်း​နေတာနဲ့​လေ....နည်းနည်း​လောက်​​ဆော့ကြမလားလို့....''

ကျွန်​​တော်​ မျက်​ခုံးပင့်​မိသည်​.....

အလွန်​လူကြီးဆန်​​သော Oh Sehunသည်
က​လေးတစ်​​ယောက်​နှယ်​ ​ဆော့ဖို့အ​ဖော်​စပ်​လာတာက​တော့.........

^^PAIN^^Tempat cerita menjadi hidup. Temukan sekarang