~~23~~

2.1K 192 20
                                        


မမြင်​နိုင်​​လောက်​​တော့တဲ့ထိ​အောင်
ဖျော့​တော့ေ၀၀ါး​နေခဲ့တဲ့
ယုံကြည်​မှု ဆိုတဲ့​ဝေါဟာရ​လေး
အသစ်​တစ်​ဖန်​ပြန်​လည်​​တောက်​ပ​စေဖို့ရာ
ခဲရာခဲဆစ်​ အ​ရောင်​တင်​ထားရ​​တော့
ဒီ​ဝေါဟာရ​လေး အရင်​လိုအ​ရောင်​ပြန်​မှိန်​သွားမှာ
သိပ်​စိုးရိမ်​မိပါရဲ့​​လေ....

••••••••••PAIN••••••••••


📩​တွေ့ချင်​တယ်

အ​ပေါ်ယံအားဖြင့်​ စကားလုံး သုံးလုံး မျှသာ...

သို့​ပေမယ့်​...ထိုစကားလုံး သုံးလုံး၏ ​​အဓိပ္ပါယ်​မှာ
တစ်​ဘ၀စာ သက်​ဆိုင်​​နေသည်​ ဆိုတာ ကာယကံရှင်​ကသာ သိနိုင်​​ပေမည်​...။

ထိုmessage ​လေးအား သက်​ဆိုင်​သူဆီ ပို့​ပေးအပြီး
ဖုန်းကို ​ကျောပိုးအိတ်​ထည့်​ကာ
အိမ်​နဲ့ သုံးလမ်း​ကျော်​​လောက်​က sakura ပင်​တန်းဆီ bus စီးလာလိုက်​သည်​....။

နားထဲထိုးထည့်​ထား​သော နားကြပ်​မှ သံစဉ်​၅ပုဒ်​​လောက်​ အလှည့်​အ​ပြောင်းဖြစ်​သွားပြီးသည်​​နောက်
ရောက်​လို​သော ​နေရာ​လေးသို့ ​ရောက်​လာရသည်​......

လမ်းတစ်​ဖက်​တစ်​ချက်​စီတွင်​ စနစ်​တကျစိုက်​ထား​သော
Sakuraတို့က ​ရာသီဥတု ခပ်​​နွေး​နွေး​လေးနှင့်​လိုက်​ဖက်​လွန်းစွာ လှချင်​တိုင်းလှ​နေသည်​......

ခြေလှမ်းခပ်​များများ​လေး လှမ်းပြီးချိန်​...
ခုံတန်း​လေးတစ်​ခုတွင်​ ထိုင်​​နေ​သော​ကောင်​​လေး....

အညို​ဖျော့​ဖျော့ဆံနွယ်​​လေး​တွေကို သပ်​တင်​ထားကာ
Shirt အဖြူ​ပေါ်တွင်​ ဆွယ်​တာ မိုးပြာ​ရောင်​နှင့်
ဘောင်းဘီရှည်​ နက်​ပြာ​လေးဝတ်​ထား​သော
ထို​ကောင်​​လေးသည်​ ရိုးရိုး​လေး​နေရင်​ကိုပင်
ဆွဲ​ဆောင်​မှုရှိလွန်းသည်​......။

အောက်​နှုတ်​ခမ်း​လေးအား ကိုက်​ကာ
မျက်​စိမှိတ်​ထားပြီး ​ခေါင်းငုံ့ထားပုံက တစ်​စုံတစ်​ရာအတွက်​ သိပ်​စိတ်​ရှုပ်​ရှား​နေ​ကြောင်း သိသာလွန်းသည်​.....။

^^PAIN^^Where stories live. Discover now