စိန်ခေါ်မှုကို စတင်လိုက်သူက ကိုယ်ဖြစ်သော်လည်း..
တကယ်တမ်း ရင်ဆိုင်ဖို့ဖြစ်လာပြန်တော့
တွန့်ဆုတ်နေမိသည်မှာလည်း ကိုယ်တိုင်ပင်ဖြစ်သည်.....
ရှုံးသွားခဲ့လျှင်.....
ကျွန်တော်သည် သူ့ထံပါးခစားကာ တစ်ဘ၀လုံးသူ့အတွက်သာ အချိန်တွေကို ကုန်ဆုံးစေရတော့မည်........
တကယ်လို့ ဒီတစ်ကြိမ်တွင်လည်း သူသည် ကျွန်တော့်ကို ကစားနေသည်ပဲဆိုလျှင်....
သူ့မာယာအောက်တွင် နစ်မွန်းမိပါက ပြန်ရုန်းထွက်နိုင်တော့မည်မဟုတ်တော့ သော ကျွန်တော်သည် ထပ်၍ပင် ကျဆုံးပြန်ဦးမည်ပင်.....
အမှတ်သည်းခြေနည်းလွန်းသောနှလုံးသားက နာကျင်ရသမျှခါးစည်းခံကာ သူ့ကိုသာဖက်တွယ်နေဖြစ်လိမ့်ဦးမည်ပင်......
ဒီလိုတော့ ထပ်အနစ်မွန်းမခံနိုင်.....
အခုတောင် သေလုအောင် ကြိုးစားရုန်းထွက်ထားခဲ့ရတာမဟုတ်လား.......
ဒါဆိုရင် သူ့ရင်ခွင်ကိုခြေစုံကန်ကာ
မျက်စိစုံမှိတ်ပြီး မချစ်ပါဘူး..ရင်မခုန်ပါဘူးလို့ ကျွန်တော်ထွက်ဆိုမည်ဆိုလျှင်ကော.......
ရလဒ်အဖြစ် သူသည် တစ်သက်စာ ကျွန်တော့်အနားကထွက်သွားပေလိမ့်မည်.....
ဘယ်တော့မှ ပြန်မတွေ့နိုင်သော ခွဲခွာခြင်းဖြင့်
သူသည် ကျွန်တော့်ကိုထားခဲ့ကာ အဝေးတစ်နေရာတွင်
တိုးတိုးတိတ်တိတ်ရှိုက်ငိုနေပေလိမ့်မည်.....
ဒီလိုဖြစ်လာခဲ့လျှင်ကော ကျွန်တော်ကျေနပ်နိုင်မှာလား.......
မဖြစ်နိုင်......။
ပိုင်ဆိုင်ဖို့ရန် နောက်တွန့်နေသော်လည်း
အပြီးတိုင်လက်လွှတ်ဖို့ကျပြန်တော့ ဦးဏှောက်ရောနှလုံးသားကပါ ဤအဆိုကို ဆန့်ကျင်ကြသည်....
ကိုယ်တိုင် သူ့ကိုထားခဲ့တုန်းကတောင် နှလုံးသားသည် အက်ရာဗရပွနှင့် ရစရာမရှိအောင်စုတ်ပြတ်သတ်သွားခဲ့သေးတာ.......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
