သူနဲ့တွေ့နေကျရပ်ကွက်ထိပ်က ထိုင်ခုံလေးပေါ်ထိုင်ရင်း
သူ့အလာကိုစောင့်နေမိသည်....
0°C နီးပါးရှိနေတဲ့ အအေးဒဏ်ကိုတောင်
သတိမထားမိနိုင်လောက်အောင် ရင်ထဲက
မီးခဲက အပူဟပ်နိုင်လွန်းသည်........
ဘာလို့လဲ....
ဘာလို့လုပ်ရက်ရတာလဲ....
လို့တွေးမိလိုက်တိုင်း ကျွန်တော်ကယောက်ျားလေးတစ်ာက်မို့လား...ဆိုတဲ့အတွေးက
ကိုယ့်ကိုယ်ကိုယ် သေလောက်အောင် မုန်းတီးစေတယ်....
ပါးပြင်ပေါ်တစ်စက်ချင်းစီးကျလာတဲ့ မျက်ရည်ဥတွေကို
အသာအယာသုတ်လိုက်မိတော့ အလွယ်တကူပဲ
လက်ထဲပါလာတယ်...
Hak... ကိုယ့်ခန္ဓာကိုယ်တွင်းက မျက်ရည်ဥလေးတွေကတောင် ကျွန်တော်နဲ့ တူတူရှိမနေချင်ကြဘူး
ထင်ပါရဲ့......
''Lu~~''
ငြင်သာလွန်းသော ခပ်ရှရှခေါ်သံလေးနောက်မှာ
ကျွန်တော့်အတွေးစတွေ ပြတ်တောက်ကုန်တယ်.....
''Aww...ရောက်လာပြီလား....''
ဘာမှမပြောဘဲ ကျွန်တော့်ဘေးက နေရာလွတ်မှာဝင်ထိုင်သည်.....
ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းကို
တွေ့တော့ သူသက်ပြင်းခပ်သဲ့သဲ့ချသည်....
''Lu~~''
ဒုတိယအကြိမ်ခေါ်သံ .....
ကျွန်တော်သူ့ဘက်လှည့်လိုက်သည်....
အကြည့်တွေကိုတော့ မြေပြင်ဆီသို့သာပို့ထားမိသည်....
''အမှန်ပဲလား....''
ဘာကိုလဲ~~ဟူ၍ ပြန်မေးစရာမလိုသောမေးခွန်းပေမို့
သူ သက်ပြင်းထပ်ချပြန်သည်......
သက်ပြင်းတွေသိပ်မချပါနဲ့Hun....
ကျွန်တော် Hun စိတ်ပင်ပန်းမှာ မလိုလားဘူး......
''Lu..ကိုယ်တောင်းပန်....''
''ဟင့်အင်း...Luတောင်းပန်ခိုင်းနေတာမဟုတ်ဘူး..
မတောင်းပန်ပါနဲ့....luသိချင်တာ..ဟုတ်လား..
မဟုတ်ဘူးလား...ဒါပဲဖြေပါ...
ဘယ်သူတွေဘာပြောပြော Hunတစ်ယာက်တည်းကိုပဲယုံမှာမို့...
Hunဘာပဲပြောပြော ယုံပေးမှာမို့ ..တစ်ခုခုတော့ပြောပေးပါ....''
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
