~~9~~

2.8K 204 13
                                        


ထမင်းကို အသီးအရွက်​အချို့နှင်​​ရော​ကြော်​ကာ အသင့်​ပြင်​ပြီးသား ကြက်​ဥ​ခေါက်​​ကြော်​အပြားလိုက်​ထည့်​ထားသည့်​ ပန်းကန်​၂ ချပ်​ထဲ ထည့်​လိုက်​သည်​.....

သခွားသီးနှင့်​ ခ၇မ်းချဉ်​သီးကို အနည်းငယ်​စီအကွင်းလိုက်​လှီးကာ အလှဆင်​လိုက်​သည်​....
ကြက်​အူ​ချောင်း​ကြော်​ တစ်​​ချောင်းစီကိုလည်း ထမင်းပန်းကန်​ထဲ ထည့်​ကာ အချဉ်​​ရေညှစ်​ထည့်​လိုက်​သည်​....

OK....Perfect !

အားလုံးပြင်​ဆင်​ပြီးချိန်​ ထမင်းပန်းကန်​နှစ်​ချက်​ကို မျက်​နှာချင်းဆိုင်​ပြင်​ဆင်​ကာ လိ​မော်္မရည်​ နှစ်​ခွက်​ချလိုက်​သည်​.....

ထို့​နောက်​ တစ်​ဖက်​က ၀င်​ထိုင်​ကာ ထမင်းတစ်​လုပ်​စားကြည့်​သည်​.....

''အိုး....​ကောင်းလိုက်​တာ..... ကိုယ့်​လက်​​ရာ ပို​ကောင်းလာတယ်​မဟုတ်​လား Lu....''

ထို့​နောက်​ ​နောက်​တစ်​လုပ်​.....
လိ​မ္မော်​ရည်​ တစ်​ငုံ.....

''Luသိလား...ကိုယ်​ဒါကို မချက်​တာကြာပြီ...
အမြဲအပြင်​က​နေပဲ ၀ယ်​စား​နေ​တော့ မချက်​ဖြစ်​တာ.....
ခုမှပြန်​ချက်​​​ပေမယ့်​လည်း အရင်​လိုစား​ကောင်း​သေးတယ်​မဟုတ်​လား.......''

''Lu....သ​ဘောမကျဘူးလားဟင်​...
စား​လေ..Luရဲ့....အခုထိ ထမင်းမ​လျော့​သေးပါလား....
Luပဲ...ကိုယ်​ချက်​တာ ကြိုက်​တယ်​ဆို.....
ကိုယ်​....ကိုယ်​​လေ.....အမြဲချက်​​ကျွေးချင်​ခဲ့တာပါ...
ဒါ​ပေမယ့်​..မလုပ်​​ပေးနိုင်​ခဲ့ဘူး....
ကိုယ်​အရမ်းလွန်​တယ်​မဟုတ်​လားဟင်​.... ''

အခန်းတွင်း မျက်​ရည်​များနှင့်​ ထမင်းစား​နေ​သော
ကောင်​​လေးတစ်​​ယောက်​....
ထို​ကောင်​​လေး​ရှေ့တွင်​​တော့ ပိုင်​ရှင်​မဲ့​နေသည့်
ထမင်းတစ်​ပွဲ.......

တစ်​အိမ်​လုံး ထို​ကောင်​​လေး၏ငိုရှိုက်​သံနှင့်​ စကားသံမှလွဲ၍ ပကတိတိတ်​ဆိတ်​လျက်​.......

Ting tong~~~~

Ting tong~~~
Ting tong~~~
Ting tong~~~~

Bellသံအဆက်​မပြတ်​ထွက်​​ပေါ်လာပြီး​နောက်
ယူကျုံးမရ ငိုရှိုက်​​နေသူ ​ကောင်​​လေးသည်​..
မျက်​ရည်​တို့ကို လက်​ဖမိုးဖြင့်​ အသာပွတ်​ကာ
ချိနဲ့​သော ​ခြေလှမ်းများဖြင့်​ တံခါးဆီလှမ်းလိုက်​သည်​.....

^^PAIN^^Where stories live. Discover now