~38~

2.1K 239 64
                                        


''အင်း~~ ''

ခပ်​စူးစူးအလင်း​ရောင်​ရဲ့ အထိအ​တွေ့​ကြောင့်
မျက်​ခွံ​တွေက အလိုလိုပွင့်​လာခဲ့သည်​....

ပထမဆုံးမြင်​ရတာက မြက်​ခင်းပြင်​စိမ်းစိမ်း​လေး....

ကိုယ့်​ကိုယ်​ကို ပြန်​ဆန်းစစ်​မိချိန်​တွင်​ သတိထားလိုက်​မိတာက ကျွန်​​တော့်​ဦး​ခေါင်း​နှင့်​ထိ​တွေ့​နေ​သော တစ်​စုံတစ်​ရာ...

အလျင်​အမြန်​ ​ခေါင်း​မတ်​လိုက်​​တော့ နိုးခါစဖြစ်​တာ​ကြောင့်​ မိုက်​ခနဲဖြစ်​သွား​သော်​လည်း
သိချင်​စိတ်​​ကြောင့်​ အမြင်​အာရုံကို အားယူပြိးအလုပ်​​ပေးလိုက်​မိသည်​...

Hyung~~~.......

''နိုးပြီလား Han.. aigoo.. အိပ်​ပုပ်​​လိုက်​တာ...
Hyung ပခုံး​တောင်​နာ​နေပြီ...''

ပခုံးကို လှည့်​ရင်း​ပြောလာတဲ့ သူ့စကား​ကြောင့်
ကျွန်​​တော်​ အံ့သြသွားမိသည်​....

အိပ်​ခဲ့မိတာလား.... Hyung ပုခုံး​ပေါ်မှာ​လေ...
အဲ့ဒါကလည်း တစ်​ညလုံး.....

အားနာလိုက်​တာ... ဘယ်​လိုလုပ်​ရပါ့.....

''Hyung...mi..mianhae... ''

''ဟမ်​...ဘာကိုလဲ...''

အ​ကြောဆန့်​​နေရင်း ကျွန်​​တော့်​​တောင်းပန်​စကားကို
နားမလည်​စွာပြန်​​မေးလာ​တော့....

''တစ်​ညလုံး Hyungကိုမှီအိပ်​မိ​နေလို့.....
ညောင်း​နေမှာ​ပေါ့.. ပခုံးလည်းအရမ်းနာ​နေမှာပဲ...
ကျွန်​​တော်​ဘာပြန်​လုပ်​​ပေးရမလဲဟင်​....''

အားနာစွာဖြင့်​ အ​ကြောင်းပြချက်​ကို ​ပြောပြလိုက်​​တော့
Hyungက ခန့်​ညားတည်​ငြိမ်​စွာပြုံးသည်​.....

''Hanရယ်​..မလိုပါဘူး...
Han လိုအပ်​တဲ့အချိန်​မှာ မှီတွယ်​စရာတစ်​ခုအဖြစ်
ရှိ​နေ​ပေးခွင့်​ရခဲ့တာကိုပဲ Hyungက ​ကျေနပ်​လှပါပြီ....  ''

ယဲ့ယဲ့​လေးသာ ပြုံးနိုင်​​သောကျွန်​​တော်​...

ဘာမှမသက်​ဆိုင်​​သော သူက​တောင်
ဒီလိုအချိန်​မျိုးမှာ ကျွန်​​တော့်​အတွက်​ပခုံးတစ်​ဖက်​ငှါး​ပေးနိုင်​ခဲ့​သေး​ပေမယ့်​......

^^PAIN^^Where stories live. Discover now