~~26~~

2K 191 20
                                        


2 years later >>>>

''Lu ​ရေ....ကိုယ်​သွား​တော့မယ်​....''

Uniformကို သပ်​သပ်​ရပ်​ရပ်​၀တ်​ထား​သော
ချစ်​ခင်​ပွန်း၏ ပါးပြင်​ထက်​ အနမ်းဖွဖွ​ချွေလိုက်​သည်​....

''အွန်း....  ဂရုစိုက်​သွား​နော်​....''

နေ့စဉ်​မပြတ်​ ​ပြောဖြစ်​​နေတဲ့ သတိ​ပေးစကားအဆုံး
သူက ကျွန်​​တော့်​ဆံပင်​​တွေကြား လက်​ထည့်​ကာ
တယုတယ​လေး လှုပ်​ခါ​လေတယ်​.....

ထို့​နောက်​ နဖူးပြင်​​လေးကို နူးညံ့စွာနမ်းရှိုက်​​လေသူ.....

ဒီလိုဂရုစိုက်​တတ်​တဲ့ သူကို တစ်​ဘ၀လုံးစာ အပိုင်​ရထားတာ ကျွန်​​တော်​သိပ်​ကံ​ကောင်းလွန်းတယ်​မဟုတ်​လား......

''သမီး​ရေ.....Appaကို နမ်းပါဦး.....''

ထိုအခါ သမီး​လေးက ကျွန်​​တော့်​လက်​ထဲမှရုန်းထွက်​ကာ
သူ့ပါးကို နှာ​ခေါင်း​လေးနစ်​၀င်​​အောင်​နမ်းသည်​.......

''ကဲ...Appaအလုပ်​သွား​တော့မယ်​.....
သမီး​ကျောင်းမှာ စာကြိုး​စား​နော်​.... bye bye....''

သမိးရဲ့ ပါးကို နမ်းရှိုက်​ပြီး အလှပဆုံးပြုံးကာ
သူထွက်​သွားသည်​.......

နဂိုကတည်းက က​လေးချစ်​တတ်​​သော သူက
Yuki​လေးကိုလည်း မျက်​နှာတစ်​ချက်​အညှိုးမခံဘဲ
သမီးရင်း​လေးလိုပင်​ ချစ်​ရှာသည်​.....

၃နှစ်​ဆို​သော ကာလကို ဖြတ်​​ကျော်​အပြီး
က​တောက်​ကဆအနည်းငယ်​မှလွဲ၍
ကျွန်​​တော်​နှင့်​ သူ့ကြား ပြဿနာကြီးကြီးမားမားမရှိခဲ့.....

အဲ....တစ်​​ခု​တော့ရှိသည်​.....
ထိုပြဿနာ​တော်​​တော်​ကြီိးသည်​.....

အခြား​တော့မဟုတ်​......
Oh Sehunကြီးအား တစ်​​နေ့တခြားပိုပိုချစ်​မိလာ​သော အချစ်​ပြဿနာပင်​.........

သူ့အပြုအမူ...
ပြောစကား....
ဂ၇ုစိုက်​မှု...
တို့မှတဆင့်​ သူကျွန်​​တော့်​အ​ပေါ်ထားသည့်
အချစ်​ကိုလည်း ကွက်​ကွက်​ကွင်းကွင်းမြင်​လာရသည်​.......

အရင်​ကဘာ​တွေပဲဖြစ်​ခဲ့ပါ​စေ....
လက်​ရှိ Hunသည်​ ကျွန်​​တော့်​တစ်​​ယောက်​တည်းကိုသာချစ်​သည်​...
ကျွန်​​တော့်​ တစ်​​ယောက်​တည်းကိုသာ ကြည့်​သည်​......

^^PAIN^^Where stories live. Discover now