~~14~~

2.5K 217 9
                                        

လေယာဉ်​နံပါတ်​ (*) ....
လေယာဉ်​ထွက်​ချိန်​နီး​နေပြီဖြစ်​ပါသဖြင့်​ လိုက်​ပါမည့်​ခရီးသည်​များ ​လေယာဉ်​​ပေါ်သို့​နေရာယူ​ပေးကြပါရန်​....*°´´#¿^@°

''ကဲ....Luhan​ရေ....သွားကြစို့.....''

လေယာဉ်​ဂိတ်​​ပေါက်​သို့ ​နောက်​ဆုံးအကြိမ်​အဖြစ်​လှမ်းကြည့်​လိုက်​ပြီး သက်​ပြင်းတစ်​ချက်​ချကာ
Suho Hyung​နောက်​က​နေ​လေယာဉ်​​ပေါ်တက်​လာခဲ့မိသည်​........

လိုက်​မလာတာလည်း ​ကောင်းတာပဲ​လေ...
အနည်းဆုံး​တော့ သူ့မျက်​နှာမမြင်​ရရ့င်​ ​​မေ့ဖို့ပိုလွယ်​သွားတာ​ပေါ့........

လေယာဉ်​​ပေါ်​ရောက်​​တော့ Suho Hyungနဲ့ ကျွန်​​တော့်​ရဲ့ ခုံက တစ်​ခုံခြား....

ကျွန်​​တော့်​​နေရာက ပြတင်း​ပေါက်​နဲ့ကပ်​လျက်​​နေရာဖြစ်​တဲ့အတွက်​ ပြတင်း​ပေါက်​က​နေအပြင်​ဘက်​ကို​ငေးကြည့်​​နေမိသည်​.....

နှုတ်​ဆက်​ပါတယ်​ ​မွေးရပ်​​မြေ.......

သိပ်​မကြာခင်​ ​ကျောခိုင်းရ​တော့မယ်​.....
ဘယ်​​တော့မှပြန်​လာဖြစ်​မလဲမသိတဲ့ ခွဲခွာမှုနဲ့ ခွဲရ​တော့မယ်​.......

နောက်​ဆုံးအချိန်​ထိ သူ့ကို ရူးမိုက်​စွာ ​မျှော်​လင့်​​နေ​သေးတဲ့ ကျွန်​​တော့်​စိတ်​ကိုသာ သူသိလျှင်​....

အားပါးတရ​လှောင်​ရယ်​​နေလိမ့်​​လေမလား.......

ဒါမှမဟုတ်​....လှည့်​စားသမျှ ခံရရှာတဲ့ အရုပ်​က​လေးဟူ၍ပဲ စုတ်​တသပ်​သပ်​ဖြင့်​ သ​နား​နေလိမ့်​​လေမလား............

သြော်​....ကျွန်​​တော်​ဆိုသည်​မှာလဲ ​မေ့ဖို့ကြိုးစား​လေ​လေ....
သူ့အ​ကြောင်းပို​တွေးမိ​လေ​လေ.........

ခပ်​ယဲ့ယဲ့​လေး ပြုံးကာ ခုနက ​လေယာဉ်​မယ်​​လေးလာ​ပေးသွား​သော coffeeအား​သောက်​ရန်​ လှမ်းယူလိုက်​သည်​.....

ထိုစဉ်​....
ကျွန်​​တော့်​လက်​​ကောက်​၀တ်​အား အုပ်​ကိုင်​ကာ
နောက်​လက်​တစ်​ဖက်​က ကျွန်​​တော်​ကိုင်​ထား​သော ​ကော်​ဖီခွက်​အား လှမ်းယူရင်း လက်​ထဲ Bubble teaဘူး​လေးကို လာထည့်​​ပေး​သော တစ်​စုံတစ်​​ယောက်​..........

^^PAIN^^Where stories live. Discover now