9PM.....
သူမနဲ့ကျွန်တော် ညစာအတူစားနေခဲ့တာ ၂ နာရီမျှကြာခဲ့ပြီ...
တကယ်တမ်းပြောရရင်
ညစာစားခြင်းကို အကြောင်းပြကာ
ရှေးဟောင်းနှောင်းဖြစ်အချို့ကို ပြန်ပြောနေမိခြင်း....
သေချာပြန်စဉ်းစားကြည့်ရင်
သူမကသာ ဆက်တိုက်ပြောနေတာပါ...ကျွန်တော်က
တစ်ခါတစ်ရံ ဝင်ထောက်ပေးရုံလောက်မျှသာ....
ရှေးဟောင်းနှောင်းဖြစ်.......
အင်း...အတိအကျဆိုရရင် သူနဲ့ကိုယ့်ရဲ့ အတိတ်က ဇာတ်လမ်းပေါ့...
အံ့သြမိသည်.....
ဘယ်လိုစိတ်မျိုးနဲ့များ သူမ ဒီအကြောင်းတွေပြန်ပြောရဲရတာပါလိမ့်....
ဘာရည်ရွယ်ချက်နဲ့ အတိတ်ကို ပြန်တူးဖော်နေရတာပါလိမ့်......
''ခ်ခ်...အဲ့တုန်းက Hunnie ...Hariနောက်ကပေါ်လာပြီး ပန်းစည်းလေးနဲ့ surprise လုပ်သွားတာလေ...ဟိဟိ... ကျွန်မ အတော်လေးရင်ခုန်ခဲ့တာ သိလား....''
ပါးစပ်ကို လက်နှင့်အသာအုပ်ပြီး တခစ်ခစ်ရယ်နေသော သူမ...
သူမတော့ဘယ်လိုစိတ်နဲ့ပြောထွက်သည်မသိ....
ကျွန်တော့်မှာတော့ အတော်လေးမျက်နှာပူနေရသည်....
ကိုယ့်က သူ့ကို ထားရစ်ခဲ့သူမဟုတ်လား...
ရက်စက်ခဲ့မိတယ် မဟုတ်လားလေ.....
9:30PM....
Xiao Lu...ကျွန်တော့်ကို မျှော်နေလောက်ပြီ...
သူမကို အချိန်ပေးတာတော်သင့်ပြီမလား....
''အဟမ်း...Hari shi...
မိုးချုပ်နေပြီ...ကျွန်တော်တို့ပြန်ကြရအောင်..
ကျွန်တော် လိုက်ပို့ပါ့မယ်...''
အားနာပေမယ့်လည်း စကားစဖြတ်မှရတော့မည်မို့
အားနာနာနှင့်ပင် ပြောလိုက်သည်...
နှုတ်ခမ်းလေးဆူလာသော သူမမျက်နှာလေးက ချစ်စရာ.....
''အွန်........ပြန်တော့မလို့လား....Hariက Hunnieနဲ့ အေးဆေးစကားပြောချင်တာကို....''
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
