ကိုယ့်ဘက်က သိသိသာသာရှောင်ခွာလာခဲ့ပြီးနောက်
သူမနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးဟာ ရုတ်ချည်းဆိုသလိုအေးစက်သွားခဲ့သည်.....
တစ်ခါတစ်ရံ ခပ်ဆွေးဆွေးလေးငေးနေတတ်တဲ့
သူမကို ကိုယ့်ဘက်က မသိကျိုးကျွံပြုသည့်အချိန်တိုင်း
အရောင်မှိုင်းသွားတတ်တဲ့ မျက်ဝန်းတွေက ကိုယ့်ကို
စိတ်အနှောင့်အယှက်ပေးသည်ဟု မဆိုသာသည့်တိုင်
ို အနည်းငယ်တော့စိတ်မကောင်းဖြစ်စေသည်...
ဘယ်လိုပဲဖြစ်ဖြစ် တားကိုတားထားရမယ့် စည်း မဟုတ်လား....
ပေါ့ပေါ့တန်တန် သဘောထားခဲ့စဉ်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက ကံကောင်းပေလို့သာ ဆိုးဆိုးရွားရွားမဖြစ်စေခဲ့တာလေ....
Xiao Luနေရာမှာ တစ်ခြားသူသာဆိုလျှင်....
ဒီအိမ်ထောင်ရေး...
ပြိုကွဲခဲ့သည်မှာ ကြာ...လှပေါ့......
သူဖြစ်နေလို့သာ....သူမို့သာ.....
သိပ်..ကို ချစ်ပေးနိုင်လွန်းတဲ့ သူမို့လို့သာလေ.......
''Hunnie.... နေ့လည်စာတူတူစားရအောင်.. ''
ပြုံးပြုံးလေးတောင်းဆိုတာတဲ့ သူမတောင်းဆိုချက်....
''ဟို..စိတ်မကောင်းပါဘူး MD... ကျွန်တော် အိမ်ပြန်စားမှာမို့ပါ... အမျိုးသားစောင့်နေလိမ့်မယ်...''
စိတ်မကောင်းပေမယ့်လည်း ပယ်ဖျက်ရပေမည်...
ကိုယ်တိုင်ပျိုးထောင်ခဲ့တဲ့ အလေ့အထလေးကို
အရေးကြီးကိစ္စမရှိပါဘဲ အပျက်စီးမခံနိုင်ဘူးလေ......
ဦးညွှတ်ကာ ပြန်ဖို့နောက်လှည့်လာခဲ့သည်....
''ကျွန်မကို.....ရှောင်နေတာမဟုတ်လား.....''
ခြေလှမ်းများတုံ့ခနဲ......
သိသိကြီးနဲ့..... ဘာလို့မေးနေသေးလဲ....
မျက်နှာပေါ် အပြုံးတစ်ပွင့်တမင်လုပ်ယူရင်း..
''မဟုတ်ပါဘူး... ပုံမှန်ပါပဲ....''
''ဟင့်အင်း... ရှောင်နေပါတယ်... ဘာလို့လဲ.. Luhanကြောင့်လား... သူ့ကြောင့်ဆိုရင် သူမသိအောင် ကျွန်မတို့တိတ်တိတ်လေး......''
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
