လက်ထဲကိုင်ထားသော အတော်အသင့်ဈေးကြီးသည့်
Limited edition ဘောပင်အား
ကျွန်းစားပွဲထက် စည်းချက်ကျစွာ တတောက်တောက်ခေါက်နေမိသော်လည်း.....
ဦးဏှောက်ထဲဝင်ရောက်နေသော အတွေးတို့ကတော့
စည်းချက်မကျစွာ ပရမ်းပတာ လှုပ်ခတ်နေသည်....။
တုန်လှုပ်လွန်းနေသော စိတ်ဝိဥာဏ်သည်
ပြင်းထန်စွာ လှိုက်မောနေပါသော်လည်း......
ဦးတည်ရာတစ်ခုတည်းဆီသို့သာ လွင့်မျောနေသည်....။
မှားသည်...........။
လုံးဝ မပြုခဲ့သင့်သော...အမှား....။
သူအပ်နှင်းခဲ့ပါသော သံစဉ်များထဲတွင်...
လွမ်းဆွတ်တမ်းတခြင်းသည် တစ်စွန်းတစ်စမဟုတ်ဘဲ...
သိသာထင်ရှားစွာ ပါဝင်နေခဲ့သည်ကို သတိပြုမိခဲ့စဉ်က....
စွန့်ခွာခဲ့ရသော Koreaမြေကို လွမ်းဆွတ်ခြင်းဖြစ်ပေလိမ့်မည်ဟု သာ သူလွယ်လွယ်တွေးခဲ့မိသည်.........
စင်စစ်....
ကလေးငယ်ကား.....အမိမြေကိုလွမ်းဆွတ်ခြင်းထက်....
တစ်ယောက်သောသူကို တမ်းတခြင်းက ပိုများနေခဲ့ကြောင်း....သူ..သတိမထားမိခဲ့.........
အချိန်ကာလ၏ ကုစားမှုကြောင့် ကောင်လေးရင်ထဲက
ဒဏ်ရာသည် ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပြီဟု ထင်ထားခဲ့သော်လည်း......
တကယ်တမ်းတွင်....သူ့ယူဆချက်နှင့် လုံးဝဆန့်ကျင်စွာ...ကောင်လေးကား ထိုတစ်စုံတစ်ယောက်ကို နက်နဲစွာ နှလုံးသားထဲ လှောင်ပိတ်ထားမြဲ.......
တကယ်ဆို သူ ကောင်လေးကို မွေးရပ်မြေပြန်ခေါ်သွားဖို့ အတွေးကို မတွေးမိခဲ့သင့်ပေ......
အရာရာကို အကွက်မြင်တိကျစွာ လုပ်ကိုင်တတ်သော
SM CEO Kim Suho သည်....
နှလုံးသားရေးရာတွင်တော့.... သူငယ်တန်းအဆင့်သာသာ.......
မစတင်ခင်ကပင် အရှုံးဟူသော အငွေ့အသက်ကို
ခံစားမိလာသဖြင့် ရင်သည် မွမ်းကျပ်ခြင်းမက မွန်းကျပ်လာရသည်......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
