မဖန်တီးခဲ့သင့်သော...
ပြန်လည်မစတင်ခဲ့သင့်သော....
မပြည့်စုံခဲ့သည့်အတိတ်က ဇာတ်လမ်းတစ်ပုဒ်ကို
ဘာလို့များ........ပြန်လည်အသက်ဝင်စေခဲ့မိပါလိမ့်.....
မရေရာတဲ့ အဆုံးသတ်တစ်ခုအတွက်..
မျှော်လင့်ချက်ရေးရေးလေးကလည်း အရောင်လွင့်လို့........
နှလုံးသားတစ်စုံကလဲ ကြေမွလို့............
သို့သော်လည်း...
မိုက်မဲစွာ....ထိုလမ်းကို ဆက်လျှောက်နေဖြစ်လိမ့်ဦးမည်ပင်.........
💔💔💔💔PAIN💔💔💔💔
''ဟေ့..ငလု..မင်းတို့အခြေအနေဘယ်လိုလဲ..ဟိုလောရှည်နဲ့လေ..''
ဂိမ်းတစ်ခုအဆုံးသတ်တွင် လက်ထဲမှ ခလုပ်အား ပစ်ချကာ ခုတင်ပေါ်ပလက်လန်ချလိုက်၇င်း
လက်ကိုခေါင်းအုံး၍ မေးလာသော Baekhyun....
ကျွန်တော် ဘယ်လိုဖြေရမလဲ...
ဒီမေးခွန်းအတွက်...ဘယ်လိုခွန်အားမျိုးနဲ့ဖြေရမလဲ....
မတတ်သာသည့်အဆုံး..အဟင်း...ဟုသာ ဆိုရင်း
ခေါင်းငုံ့ချလိုက်မိတော့ ငယ်သူငယ်ချင်းဖြစ်သူက
အကြောင်းသိသူပီပီ သက်ပြင်းချသည်.......
''မင်းဘယ်လိုဖြေမလဲဆိုတာ သိချင်လို့မေးတာ...
ငါအားလုံးသိပြီးပြီ..Yeolဆီကတဆင့်....''
Yeol....အာ...Chanyeolကို ပြောတာဖြစ်လိမ့်မယ်...
Aww...သူတို့တောင် ဒီအခြေအနေဖြစ်နေကြပြီပဲ....
ကောင်းပါတယ်လေ....အဆင်ပြေကြပါစေပေါ့....
သက်ပြင်းရှည်ကြီးအားချလိုက်ပြီးနောက်
Baekhyunနားဝင်လှဲလိုက်သည်.....
''Baekhyun-ah...သူ..သူဘာတွေဖြစ်သွားတာလဲဟင်....
လွန်ခဲ့တဲ့ ၃ နှစ်က ငါသိခဲ့တဲ့ Sehunက အဲ့လိုမဟုတ်ပါဘူးကွာ...ရိုးရိုးအေးအေးလေးပါ...ခုမှဘယ်လိုတွေဖြစ်ကုန်တာလဲကွာ....''
''3နှစ်ဆိုတဲ့ အချိန်က လူတစ်ယောက်ကို ကောင်းကောင်းကြီးပြောင်းလဲပစ်နိုင်တယ်လေ.....''
Baekhyunစကားကြောင့် ကျွန်တော်သက်ပြင်းချမိပြန်သည်.....
သက်ပြင်းချတာများလို့ သေမည်ဆိုလျှင်..
ကျွန်တော် ထိပ်ဆုံးက သေလောက်သည်.....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
