~~30~~

1.8K 198 23
                                        

///ခံစားချက်​​တွေကို ဘယ်​သူမှမသိ​အောင်​ ဖုံးကွယ်​ထားရတာကြိုက်​တယ်​...///

°°°°°°°°°°°°°

''သ..မီး..~...
Papaတို့...ဟင်းချက်​စရာအတွက်​~ နည်းနည်း​လောက်​သွားထပ်​၀ယ်​ရ​အောင်​..''

သတိထားပြီးထိန်း​ပေမယ့်​လည်း
နှုတ်​မှထွက်​လာတဲ့အသံတို့က တုန်​ယင်​​နေခဲ့သည်​....

သမီးလက်​ကို တင်းတင်းဆုပ်​ကိုင်​ပြီး
ဒီ​နေရာမှအမြန်​ဆုံးထွက်​ခဲ့သည်​.....

သမီးလက်​ကိုတွဲကာ ​ ​ခြေလှမ်းတို့​လေးပင်​စွာဖြင့်
တစ်​လှမ်းချင်း​လျှောက်​​နေမိသည်​.....

အနာဂတ်​​နေ့ရက်​​တွေကို
ဘယ်​လိုအားအင်​မျိုးနဲ့ ကျွန်​​တော်​ဖြတ်​သန်းရမလဲ.....

ထိုမိန်းက​လေးနှင့်​ သူ၏ ဆက်​ဆံ​ရေးသည်
ဘယ်​အဆင့်​ထိ​တောင်​ ​ရောက်​နှင့်​​နေခဲ့ပြီးပြီလဲ....

တစ်​ပတ်​မှာ ၃ရက်​​လောက်
ညဉ့်​နက်​တဲ့ထိ အတူရှိ​နေတတ်​တဲ့ သူတို့နှစ်​​ယောက်​ဟာ
ဘယ်​အတိုင်းအတာထိများ ပတ်​သက်​​နေခဲ့ပြီလဲ.....

သံသယ​တွေက ကြီးစိုးလာတဲ့အခါ
ကျွန်​​တော်​တို့ကြားက အချစ်​က
အလိုလိုအ​ရောင်​မှိန်​လာမှာစိုးတယ်​......

''Papa....ဒီ​နေရာကို ဘယ်​နှပတ်​​လောက်​ထပ်​ပတ်​ဦးမလဲဟင်​...''

တွဲထား​သော လက်​ကိုလှုပ်​ယမ်းကာ ​မေးလာတဲ့
သမီးရဲ့အသံကိုကြားမှ စိတ်​နဲ့ကိုယ်​ပြန်​ကပ်​​သော ကျွန်​​တော်​ Luhan....

သြော်​...ဒီ​နေရာကိုပတ်​​နေမိတာ ဘယ်​နှ​ခေါက်​​ရှိပြီလဲ​တောင်​ မသိနိုင်​​တော့​လောက်​​အောင်​ ရုပ်​နဲ့နာမ်​ကွဲ​နေခဲ့တာပဲ.....

''Papa...​နေမ​ကောင်းဘူးလားဟင်​...
မျက်​လုံး​တွေလည်း နီ​နေတယ်​....''

Kiki​လေး၏ စိုးရိမ်​မျက်​၀န်းများနှင့်​ အသံချိုချို​လေး​ကြောင့်​ ကျွန်​​တော့်​ရင်​ထဲ​နွေးသွားသည်​....

သမီး​ရှေ့ ဒူး​ထောက်​ထိုင်​ချလိုက်​ကာ ဆံနွယ်​တို့အားသပ်​တင်​​ပေးလိုက်​​တော့
မျက်​လုံးအ၀ိုင်းသား​လေးနှင့်​ ကြည့်​​နေ​သော က​လေးငယ်​...

^^PAIN^^Donde viven las historias. Descúbrelo ahora