~~8~~

2.8K 245 16
                                        

မကြာခဏ အ​တွေးထဲ​ရောက်​​ရောက်​လာတတ်​တဲ့
အ​ခြေအ​နေတစ်​ခုကို မဖြစ်​နိုင်​ပါဘူး​လေ...
ဟု ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှု လွန်​ကဲစွာ ထင်​မြင်​ခဲ့ပြီး​မှ
တကယ်​တမ်း ရင်​ဆိုင်​လာရ​သောအခါတွင်​​တော့
ခံနိုင်​ရည်​မရှိ.....

သူကျွန်​​တော့်​အနားမှ ထွက်​​ပြေးသွားသည့်​အချိန်​ကတည်းက ​နေ့ရက်​တိုင်း နာရီတိုင်း စက္ကန့်​တိုင်းသည်​...
အသက်​မဲ့​နေ့များပမာ ....

မြင်​သမျှ ပြုသမျှ ကြားသမျှအရာရာတိုင်းသည်
အဓိပ္ပါယ်​မဲ့လျက်​......

အဖြစ်​အပျက်​အလုံးစုံကို ဆန်းစစ်​မိ​လေတိုင်း
က..မှ ...အ ..အဆုံး ကိုယ့် အ မှားချည်းသက်​သက်​........

ဖုန်းscreen တွင်​ ယ​နေ့ထိတိုင်​ မပျက်​မပျက်​ ​နေရာယူ​နေဆဲဖြစ်​​သော သူ့မျက်​နှာလှလှသည်​.....
ကျွန်​​တော့်​အား လက်​​တွေ့မဆန်​စွာ ​အလှဆုံးပြုံးပြ​နေဆဲ........

ခုချိန်​မှာ လိုချင်​လှပါချည်​ရဲ့ ဆိုပြီး​သေ​လောက်​​အောင်​​တောင့်​တပြ​နေလည်း ထိုအပြုံးတို့အား မမြင်​နိုင်​​တော့....

တစ်​ချိန်​က ​တန်​ဖိုးမထားခဲ့မိ​သော သူ့အပြုံးတို့အား
ပြန်​လည်​ပိုင်​ဆိုင်​ခွင့်​ မရှိ​တော့........

''​တော်​လိုက်​​တော့ Sehun...အဲ့​ဆေးလိပ်​​တွေ မ​သောက်​နဲ့​တော့....ကြာရင်​မင်း​သေလိမ့်​မယ်​​ဟေ့​​ကောင်​....''

ဘယ်​အချိန်​ကတည်းက အနား​ရောက်​​နေမှန်းမသိ​သော
Chanyeol က ပါးစပ်​ထဲမှ​ဆေးလိပ်​ကို ဆွဲယူကာ တစ်​​နေရာသို့ လွှင့်​ပစ်​လိုက်​သော​ကြောင့်
ကျွန်​​တော်​ Tsk ခနဲ စုတ်​သပ်​မိသည်​.......

'' မင်း ဒီလို​တွေ ဖြစ်​ပျက်​​နေလို့ Luhanက ပြန်​လာမှာမို့လား.... ''

ဟင်း.......
သိတာ​ပေါ့.... သူပြန်​မလာ​တော့မှန်း သိလို့ကို..
ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​ ခုလို​တွေလုပ်​​နေတာ.....

တစ်​နည်းအားဖြင့်​....
မသိမသာ sucide လုပ်​​နေသလိုမျိုး.....

အင်္ကျီအိတ်​ထဲမှ ​ဆေးလိပ်​​နောက်​တစ်​လိပ်​ကို ထုတ်​ကာ
နှုတ်​ခမ်းနှစ်​လွှာကြား ထည့်​လိုက်​​တော့
Chanyeol က ဟင်း ခနဲသက်​ပြင်းချသည်​.....

^^PAIN^^Donde viven las historias. Descúbrelo ahora