ပြတ်နေခဲ့ပြီးသား ကြိုးတစ်ချောင်းကို
ဘာလို့များ သူပြန်ဆက်ဖို့ကြိုးစားနေရတာပါလိမ့်......
အပိုင်းပိုင်းအစစပျက်စီးနေပြီးသား ဒီကြိုးကို
အသစ်တစ်ဖန်ပြန်ကောင်းမွန်စေဖို့
လွယ်လွယ်ကူကူနဲ့ ဖန်တီးနိုင်မယ်လို့များ ခင်ဗျားထင်နေသလားလေ.....
**********************
''ပြဿနာမရှိဘူးဆိုရင် ငါမင်းကိုနမ်းလို့ရမလား.....''
ခပ်တိုးတိုးလေသံက နားစည်ထဲထိ ကျယ်လောင်စွာရိုက်ခတ်လာသည်.......
ရူးကြောင်ကြောင်အလုပ်တွေ.....
အဓိပ္ပါယ်မရှိတဲ့စကားတွေ သိပ်ပြောတာပဲ Oh Sehun....
''ခင်ဗျားရူးနေသလား.....''
ရင်ထဲကအတိုင်းထွက်ကျလာသောစကားတစ်ခွန်း.....
သူကိုယ်တိုင်နာကျင်မှုတွေပေးပြီး ..
သူကိုယ်တိုင်ပဲ သူ့အနားကထွက်ပြေးအောင်လုပ်ခဲ့တဲ့သူကို ..... ဘာမှမပတ်သက်တော့တဲ့ ခုလိုအခြေအနေမှာ နမ်းခွင့်လာတောင်းတာ သူရူးနေတာမဟုတ်လား.........
''ဟုတ်တယ်...ရူးနေပြီ..!!...မင်းကိုချစ်လွန်းလို့....!!
မင်းကိုပိုင်ဆိုင်ချင်လွန်းလို့ ငါရူးနေပြီမင်းသိလား !!ဟမ်....''
ကျွန်တော့်ပုခုံးကိုလက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းလှုပ်ယမ်းရင်း ပေါက်ကွဲအော်ဟစ်သောသူ....
ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့်
ကျွန်တော့်မှာ ပါးစပ်အဟောင်းသား......
ိ
စူးစူးဝါးဝါးစိုက်ကြည့်နေသော သူ့မျက်ဝန်းတွေမှာ...
နီရဲရဲသွေးကြောအချို့နှင့်အတူ....နာကျင်မှုတွေနဲ့
မျက်ရည်စအချို့ကိုပါ တွေ့နေရသလားလို့....
မရည်ရွယ်ပါဘဲ နှုတ်ခမ်းဆီအကြည့်ရောက်မိတော့
သွေးရောင်လွှမ်းနေသော နှုတ်ခမ်းပါးကတဆတ်ဆတ်တုန်ယင်လို့.......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
