''Kiki.. ဘယ်တွေလျှောက်သွားနေတာလဲ..
ဒီနားမှာပဲနေဖို့ Paပြောထားတယ်လေ... Yuki!! ''
Ent တစ်ခုလုံးကို အားလပ်ရက်အနည်းငယ်ပေးထားတာမို့ မိသားစုလိုက် ပန်းခြံထဲ ပျော်ပွဲစားထွက်လာရာမှ ဆော့ရင်းပျောက်သွားသော သမီးကို နှစ်ယောက်သား လိုက်ရှာနေရသည်..
''ဒီကလေးဟာလေ.. ဒီနားပဲနေဖို့ပြောထားတာကို.. Tsk..''
ပန်းခြံအနှံ့လိုက်ရှာရင် တစ်နေရာအရောက် ရယ်မောပြုံးပျော်နေသော သမီးကိုတွေ့လိုက်သည်..
သူ့ရှေ့မှာ ငုတ်တုတ်ထိုင်နေသော သူတစ်ယောက်ကို ပြုံးရယ်ရင်း စကားပြောနေတာလေးက ချစ်စဖွယ်..
ကျောပေးထား၍ ထိုသူမျက်နှာကိုမမြင်ရ...
အသိတစ်ယောက်ယောက်များလား...
''Kiki... ဘယ်တွေလျှောက်သွားနေတာလဲ..
အနီးအနားမှာပဲဆော့ပါလို့ Paပြောထား... ''
''Xiao Lu ''
သမီးကို မာန်မဲနေတုန်း ကြားလိုက်ရသော အသံကြောင့် Luhan ပြောလက်စ စကားများရပ်သွားတာ နှလုံးသွေးတို့ရပ်တန့်သွားသလို...
ဒီအသံ...
သူသိတာပေါ့... တစ်သက်မေ့မရနိုင်မယ့် ခပ်ရှရှအသံ...
''Sehun shi.. ဘယ်ကဘယ်လိုရောက်နေတာလဲ... ''
နောက်ကနေ ပြေးလိုက်လာသော
Suho Hyungက ဖော်ရွေစွာပင် သူ့အားနှုတ်ဆက်သည်...
Luhan ခပ်ပါးပါးတစ်ချက်ပြုံးလိုက်ပြီး
သူ့ကိုကြည့်လိုက်ရင်း တစ်ဖက်ကလည်း Suho Hyung နားကိုသိသိသာသာကပ်လိုက်ပြီး
Hyungလက်ကို ဆုပ်ကိုင်လိုက်သည်...
ကျွန်တော်ဒီလိုကြည့်နိုင်ပြီ.. ကြည့်လည်းကြည့်နေပြီ..
သူနဲ့ မျက်လုံးချင်းဆုံကြည့်ရမယ့် အခြေအနေတစ်ခုကို ခံနိုင်ရည်ရှိနေပြီ..
တစ်နည်းအားဖြင့် .. ကျွန်တော် ရင့်ကျက်နှင့်နေပြီ...
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
