~~6~~

2.8K 247 23
                                        


..
မိုး​ငွေ့​ရောယှက်​​သော ​လေနု​အေးသည်​ ခပ်​​ဖြေး​ဖြေးတိုက်​ခတ်​​နေရာမှ ရံဖန်​ရံခါ ခပ်​ကြမ်းကြမ်း ​ဆော်​​သွေးသည်​.......

လေနှင့်​အတူ​ သယ်​​ဆောင်​လာ​သော မိုးစက်​​တွေရဲ့ရိုက်​ခတ်​မှုက
မှန်​ပြတင်း​ပေါက်​​လေးကိုပင်​ ထိုး​ဖောက်​​တော့မည့်​အသွင်​......

ဖြည်းဖြည်းချင်းစီနည်းနည်းချင်းစီဆို​ပေမယ့်
အချိန်ုကြာကြာထိခတ်​လာလျှင်​ မှန်​ပြတင်းပါးပါး​လေးအား ဖြိုခွင်းနိုင်​သွား​ပေလိမ့်​မည်​......

အားကုန်သုံးကာ ​တောင့်​ခံထား​ပေမယ့်​လည်း
ထိခိုက်​နာကျင်​ရပါများလာ​သောအခါ......
နှလုံးသားသည်​ ထို မှန်​ပြတင်းပါး​လေး ကဲ့သို့ပင်
အက်​..ကွဲ...ပျက်​..စီး....သွား​ပေလိမ့်​မည်​......

လက်​ထဲမှ​ကော်​ဖီခွက်​အားချကာ သက်​ပြင်းတစ်​ချက်​မှုတ်​ထုတ်​ရင်း အခန်းထဲဝင်​သွားလိုက်​သည်​.....

လျှော်​စရာရှိ​သော Hunအ၀တ်​အစားများအား
ပွေ့ယူကာ အ၀တ်​​လျှော်​စက်​ဆီသို့ ​လျှောက်​လာခဲ့လိုက်​သည်​.....

တစ်​ထည်​ချင်းစီ စက်​ထဲထည့်​​နေရင်းမှ
တစ်​​နေရာအ​ရောက်​ ​လျှော်​စက်​ထဲထည့်​လုဆဲဆဲ အ၀တ်​ကို ကိုင်​ထား​သော လက်​က ရပ်​တန့်​သွားသည်​.....
နှာ​ခေါင်းနားကပ်​ကာ တစ်​စုံတစ်​ရာကို အတည်​ပြုပြီးချိန်​တွင်​​တော့ နာကျင်​စွာပြုံးကာ ကိုင်​ထား​သော အင်္ကျီအား
လျှော်​စက်​ထဲထည့်​လိုက်​သည်​.....

ခုကျွန်​​တော့်​အ​​ခြေအ​နေက....

ကျွန်​​တော်​မဟုတ်​​သော အခြားမိန်းမတစ်​​ယောက်​၏
နှုတ်​ခမ်းနီရာ စွန်းထင်း​နေ​ကာ နှင်းဆီရနံ့​ရေ​မွှေးခပ်​သင်းသင်းစွဲငြိ​နေ​သည့်
ကျွန်​​တော့်​ချစ်​သူ၏ အ၀တ်​အစားအား ​လျှော်​​ပေး​နေရသူ.......

နာကျင်​လွန်းမက နာကျင်​​တယ်​...

နောက်​ဆုတ်​လိုက်​ဖို့​ ဦး​ဏှောက်​က သတိ​ပေးတိုင်း
နှလုံးသားက ​ရှေ့ဆက်​တိုးဖို့ အချက်​ပြတယ်​.....

^^PAIN^^Where stories live. Discover now