ခပ်ပြေပြေဆင်ခြေလျှောလေး၏ အဆုံးတွင်
တစ်ထပ်တိုက်ပု အညိုရောင်လေးကို တွေ့ရသည်......
တစ်ခုတည်း သီးသန့်ဖြစ်တည်နေသော်လည်း...
အေးချမ်းသောပတ်ဝန်းကျင်နှင့် မြစိမ်းရောင် မြက်ခင်းတို့်ကြောင့် အလိုလိုလှပနေသည်.....
အိမ်ကလေး၏ ခပ်လှမ်းလှမ်းတွင်တော့
အမျိုးအမည်တိတိကျကျမသိရပါသော
သစ်ပင်ခပ်ကြီးကြီးတစ်ပင်.......
ဆင်ခြေလျှော၏ အောက်ခြေမှ အိမ်လေးဆီသို့မျှော်ကြည့်လိုက်လျှင်...
မြက်ခင်းပြင်နှင့် ထိစပ်နေသော ကောင်းကင်ပြာကို
ခမ်းနားစွာတွေ့ရမည်ဖြစ်သည်......
ဤနေရာ...ဤအိမ်လေးနှင့် ဤပတ်ဝန်းကျင်၏ ဖွဲ့စည်းပုံသည်......ငယ်ငယ်က တွေးခဲ့ဖူးသော စိတ်ကူးယဉ်အိပ်မက်များထဲက လူသူအရောက်အပေါက်နည်းသော
သီးသန့်ကမ္ဘာလေးနှင့်ပင်တူနေသည်........
''ရောက်ပြီSehun..အဲ့မှာမြင်နေရတဲ့အိမ်ပဲ....''
လက်ညှိုးလေးထိုးကာ ညွှန်ပြပြီးပြောတဲ့
သူ့စကားအဆုံး ကျွန်တော်ကားရပ်ကာ ဆင်းလိုက်သည်........
ရှေ့ကနေလျှောက်သွားသော သူလေး၏ နောက်ကျောအလှအား အသည်းယားစွာငေးကြည့်ရင်း
သူ့နောက်ဘက်မလှမ်းမကမ်းကနေလိုက်ခဲ့လိုက်သည်...
''ဒေါ်ဒေါ်ရေ....ကျွန်တော်လာလည်တယ်....Luhan..''
ခပ်ကျယ်ကျယ်အော်လိုက်သော အသံလေးက အနည်းငယ်စူးရှရှဖြစ်သွားပေမယ့်လည်း ချိုအီငြင်သာခြင်းက
ပိုပါသည်.......။
''Luလေး...လာလည်တာလား....သြော်..သူငယ်ချင်းလဲပါလာတာကိုး.....''
အိမ်ထဲမှ လျှော်ပြီးသားအ၀တ်ဖြူ ပုံးကြီး မ,ကာ ထွက်လာသော ခပ်ဖြူဖြူအဒေါ်ကြီးတစ်ယောက်က
ဖော်ရွေစွာ လှမ်းပြုံးပြသည်.......
''Nae....Sehunပါခင်ဗျ....''
ခါးလေးညွတ်ကာ အရိုအသေပေးလိုက်တော့
အဒေါ်ကြီးက သဘောတကျခေါင်းညိမ့်ပြုံးသည်.....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
