~39~

2.4K 269 67
                                        


''ဘာ.. ဘာရယ်​.. Xiao Lu.. ဘာ​ပြောလိုက်​တယ်​...''

တုန်​ယင်​​နေ​သောအသံကို မဖုံးဖိနိုင်​စွာပဲ မယုံကြည်​နိုင်​​လောက်​​သော အ​ခြေအ​နေတစ်​ခုကို အတည်​ပြုရန်​ ပြန်​လည်​​မေး​မိသည်​....

သူသာ မြင်​​အောင်​ကြည့်​လျှင်
မော့ကြည့်​လာ​သော ကျွန်​​တော့်​မျက်​ဝန်းတစ်​စုံတွင်
မျက်​ရည်​ကြည်​တို့ ​ဝေ့သီ​နေမှာကို မြင်​နိုင်​​ပေမည်​..

သို့​ပေမယ့်​ ....သူသည်​ ...
ကျွန်​​တော့်​​နောက်​​ကျောဘက်​ဆီမှ ပြတင်း​ပေါက်​ကိုသာ အ​ကြောင်းမဲ့​ငေး​နေ​ခဲ့​လေသည်​....

တင်းတင်း​စေ့ထား​သော နှုတ်​ခမ်းတစ်​စုံနဲ့
နီရဲ​နေ​သော မျက်​ဝန်းတို့အရ
သူသည်​လည်း ​ပေါက်​ကွဲထွက်​မတတ်​ခံစားချက်​တို့ကို
မရမကထိန်းချုပ်​ထားရဟန်​.....

''ကွာရှင်းမယ်​လို့​ပြောတာ​လေ.....
ခင်​​ဗျား​နား​လေး​နေလား... ခင်​​ဗျားနဲ့မ​ပေါင်းနိုင်​​တော့ဘူးလို့ဆိုလိုတာ​လေ... ''

အံကြိတ်​ထားရင်းနဲ့ ​ပြောလာ​သော သူ့စကားသံ.....

တဆိတ်​..
ကျွန်​​တော်​ဘာအမှားလုပ်​မိသလဲ......

ဒီအ​တောအတွင်း ပြ​ဿနာ​သေး​သေး​လေး​တောင်​မတက်​ရ​လေ​အောင်
အတတ်​နိုင်​ဆုံး ဆင်​ဆင်​​ခြင်​ခြင်​​နေခဲ့သည်​ကို သူလည်းအသိ.....

ခုလိုရုတ်​တရက်​ကြီး ကွာရှင်းဖို့ထိ
ကျွန်​​တော့်​တို့နှစ်​​ယောက်​ကြား ဘယ်​အရာကမှားယွင်း​နေသလဲ.......

''ကွာရှင်းစာချုပ်​ပါဝယ်​ခဲ့တာမို့ ခင်​​ဗျားလက်​မှတ်​ထိုးဖို့ပဲလို​တော့တယ်​...''

ခေါင်းငုံ့ထားရာမှ ထိတ်​လန့်​စွာဖြင့်​ သူ့ကိုကြည့်​မိ​တော့
သူဟာ ကျွန်​​တော့်​ကိုမျက်​နှာလွှဲထားပြန်​တယ်​....

ကွာရှင်းစာချုပ်​......
သူကျွန်​​တော့်​ကို​ပစ်​​ပေါက်​လိုက်​တဲ့ အဲ့ဒီ့တစ်​စုံတစ်​ရာဟာ
ကွာရှင်းစာချုပ်​တဲ့လား......

ဒီ​လောက်​ထိမြန်​မြန်​ကြီးဆုံးဖြတ်​စရာလိုသလား....

''Luhan.... မင်းဘာဖြစ်​​နေတာလဲ...ဟမ်​...
ဒီ​လောက်​ထိကွာရှင်းချင်​​နေရ​အောင်​ မင်းနဲ့ငါ့ကြားဘာပြဿနာရှိ​နေလို့လဲ... မဟုတ်​မှ မင်း​နောက်​တစ်​​ယောက်​​တွေ့......''

^^PAIN^^Where stories live. Discover now