PAIN~~~~~
သူနဲ့ကျွန်တော် ကြားမှာ အချိန်ပြည့် နီးပါး
နေရာယူနေတဲ့စကားလုံး....
သူနဲ့ကျွန်တော်ကြားမှာ လို့ပြောရတာ အနည်းငယ်တော့
ရယ်စရာကောင်းသား.....
တကယ်တမ်းတော့ ကျွန်တော့်တစ်ဖက်ခြမ်းတည်းကသာ ရယူပိုင်ဆိုင်ရတဲ့ ခံစားမှု.....
နာကျင်တယ်...
ခံပြင်းတယ်....
လက်လွှတ်လိုက်ချင်လောက်အောင် ပင်ပန်းပေမယ့်
ထိုခံစားမှုကို ကျွန်တော်မြတ်နိုးတယ်.....
ဆူးစူးမယ်မှန်းသိလျက်နဲ့ နှင်းဆီရိုင်းကို
ဆုပ်ကိုင်ထားနေမိတယ်...
မြတ်နိုးစွာနမ်းရှိုက်ချင်နေမိတယ်.....
နှလုံးသွေးတွေ တတောက်တောက်စီးကျနေပါစေ....
ထိုနာကျင်မှုကို ကျွန်တော် တောင့်တတယ်.....
ဒါတွေအားလုံးအတွက် အကြောင်းပြချက်က
တစ်ခုတည်း..................
ကျွန်တော် ထိုနှင်းဆီရိုင်းနဲ့တူတဲ့ လူကို
အသည်းနင့်အောင်ကျွန်တော်ချစ်တယ်....................
💔💔💔💔PAIN💔💔💔💔
နှာခေါင်းထဲ ၀င်လာသော
မွေးရပ်မြေရဲ့ ဖုန်မှုန့်အနည်းငယ်ရောနေတဲ့
မြေသင်းနံ့ကို တစ်ဝကြီးရှူရှိုက်လိုက်သည်.......
၃နှစ်တာ ခွဲခွာခဲ့ရသော ဤမြို့လေးအား
ကျွန်တော် သိပ်လွမ်းနေခဲ့သည်.......
လတ်ဆတ်နေသော စိတ်အစဉ်ဖြင့်
အ၀တ်အိတ်ကို ဆွဲကာ Taxiပေါ် ခပ်သွက်သွက်
တက်လိုက်သည်........
ကျွန်တော် ပြန်လာပြီ Hun......
ပိုင်ဆိုင်ခွင့်မရလိုက်သော နှင်းဆီဖူးငုံကို
နမ်းရှိုက်ခွင့်ရဖို့ ကျွန်တော်ပြန်လာပြီ........
Busan မှာကတည်းက အစီအစဉ်ဆွဲခဲ့တဲ့အတိုင်း
Seoulက သူငယ်ချင်းတွေကို ပြန်လာမယ့်အကြောင်း
လုံးဝအသိမပေးခဲ့.....
Surpriseဖြစ်သွားစေချင်လို့ တစ်ယောက်ချင်းစီကို
တစ်အိမ်တက်ဆင်း လိုက်တွေ့ရန် ဆုံးဖြတ်ထားသည်....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
