~~21~~

2.1K 206 13
                                        


''Hyung....မင်းကိုချစ်​တယ်​...Han...''

တစ်​ကြိမ်​တစ်​ခါ​လေး​တောင်​ မ​တွေးခဲ့မိ​သော
စကားကို Hyung ​ပြောလာ​သောအခါ.........

တစ်​ကိုယ်​လုံးက အားအင်​များကို ဆွဲစုပ်​ယူခြင်းခံလိုက်​ရသလို ခံစားလိုက်​ရသည်​....

လက်​ထဲကိုင်​ထားသည့်​ဖုန်းကို ပြုတ်​မကျ​အောင်
အနိုင်​နိုင်​ကိုင်​ထားရင်း ဆွံ့အစွာဖြင့်​ပင်​ Hyung ဆက်​​ပြောလာမည့်​စကား​အား နား​ထောင်​​နေမိသည်​.....

''Han.. အံ့သြသွားမယ်​ဆိုတာ သိပါတယ်​.....
ဒါ​ပေမယ့်​....ကိုယ်​ဆက်​ပြီး မမျိုသိပ်​နိုင်​​တော့လို့......
ဒီ့ထက်​​နောက်​ကျသွားမယ်​ဆိုရင်​.....
ကိုယ်​မင်းကို ထာဝရ လက်​လွှတ်​လိုက်​ရ​တော့မှာမို့​လေ....ဟင်း....''

အ​တော်​​လေး အားတင်းကာ ​ပြောလိုက်​ရသလို..
Hyung ​ပင်​ပန်းစွာသက်​ပြင်းချသံက ​လေလှိုင်းမှတစ်​ဆင့်​ နားစည်​သို့ ပြင်းထန်​စွာရိုက်​ခတ်​လာသည်​.....

ကျွန်​​တော်​သည်​ Oh Sehun ဆို​သော လူသား၏ လွှမ်းမိုးမှုကို လွန်​ဆန်​ဖို့ရာ ခက်​ခဲလွန်းသည်​ဆိုတာ....
သိရဲ့သားနဲ့ Hyungရယ်​......

''Hyung.....ကျွန်​​တော့်​စိတ်​အ​ခြေအ​နေကို...သိ.....
သိရဲ့ သားနဲ့ဗျာ.....''

အားနာစွာ.....

မဟုတ်​​သေး....

စိတ်​မ​ကောင်းစွာဖြင့်​ပင်​ လက်​ရှိအ​ခြေအ​နေအား သူသတိစေရန်​ ​ထောက်​ပြ​ပေးမိသည်​........

ကျွန်​​တော့်​စကားအဆုံးမှာ ခဏတာတိတ်​ဆိတ်​သွား​သော Hyung........

ဒီဘက်​တွင်​လည်း...
အပျက်​ပျက်​အယွင်းယွင်းဖြင့်​ ပြို​တော့မည့်​မိုးလိုဖြစ်​​နေ​သော
ကျွန်​​တော့်​ မျက်​နှာအ​ခြေအ​နေ​ကြောင့်
မျက်​နှာရိပ်​မျက်​နှာကဲဖြင့်​ လှမ်း​မေး​နေ​သော Sehun....

မျက်​လွှာချရင်း ​​ခေါင်းခါပြလိုက်​သည်​....

ဒါဟာ သူသိထားစရာလိုတဲ့ ကိစ္စမှမဟုတ်​ဘဲ​လေ....

''ဘယ်​လိုပဲဖြစ်​ဖြစ်​​လေ..တစ်​စုံတစ်​​ယောက်​က မပိုင်​ဆိုင်​​သေးသ၍ မင်းဟာ လွတ်​လပ်​တဲ့ လူတစ်​​ယောက်​လို့ ကိုယ်​ယူဆထားတာမို့ပါ Han.....
မင်းအချစ်​ကို ရဖို့ ကိုယ့်​မှာလည်း ကြိုးစားခွင့်​ရှိ​သေးတယ်​လို့ မှတ်​ယူထားတာမို့......''

^^PAIN^^Donde viven las historias. Descúbrelo ahora