~~29~~

1.8K 195 25
                                        


''ဒီ​နေ့အတွက်​​ကျေးဇူးပါ Sehun shi..''

မွေး​နေ့ပွဲကျင်းပရာ သီးသန့်​ခန်းထဲမှ သူငယ်​ချင်းများအသီးသီးထွက်​သွားကြ​ပေပြီ....

နောက်​ဆုံးကျန်​ခဲ့​သောကျွန်​​တော့်​အား
သူမက ​ကျေးဇူးတင်​စကားဆိုသည်​....

''မလိုပါဘူး Hari.. ​၂၂ နှစ်​ပြည့်​​မွေး​နေ့က​နေ ​ရှေ့​လျှောက်​​ပျော်​ရွှငိပါ​စေဗျာ...''

ကျွန်​​တော့်​ဆု​တောင်း​ပေးမှုအဆုံး
သူမက နှစ်​လိုဖွယ်​ပြုံးသည်​.......

ပုရိသ ​ပေမို့....တစ်​ချက်​​တော့​ငေးခနဲဖြစ်​သွားမိသည်​...

သူမ....
သိပ်​လှလာသည်​.......

သို့​သော်​...ကျွန်​​တော့်​ချစ်​ဦးသူ​လေးကိုမမီ......

''ပြန်​လိုက်​ပါဦးမယ်​..ဂရုစိုက်​သွားပါ...''

ကျွန်​​တော်​သူမကို ​ကျောခိုင်းကာ ဆိုင်​ထဲမှခပ်​သုတ်​သုတ်​ထွက်​လာခဲ့သည်​......

ကျောပြင်​မှာကပ်​ပါလာတဲ့ မျက်​၀န်းတစ်​စုံကို​တော့ ကျွန်​​တော်​ မမြင်​ခဲ့......

••••••••••••••••••••••••••••••••••••

10:30 PM.....

အိမ်​တံခါးကိုတွန်းလိုက်​​တော့
စေ့ရုံ​စေ့ထားသည့်​တံခါးက သက်​သက်​သာသာ​လေးပင်​ပွင့်​လာခဲ့သည်​.....။

လှေကားထစ်များကို ခပ်​သွက်​သွက်​​ကျော်​တက်​ကာ
ကျွန်​​တော်​နဲ့သူ့ရဲ့ အခန်းဆီသို့ ​မ​ပြေးရုံတမယ်​ သွားမိသည်​.....။

သူ့ကို သိပ်​လွမ်းလှပြီ​လေ...........။

အားရ၀မ်းသာ အခန်းတံခါးကိုဖွင့်​လိုက်​​သော်​လည်း သူမရှိ.....
ရေချိုးခန်းထဲ လိုက်​ရှာ​တော့လည်း မ​တွေ့သည်​မို့
နောက်​ဆုံး​တစ်​​နေရာဖြစ်​သည့်
သမီးအခန်းဆီသို့သာ ချီတက်​ခဲ့သည်​......

ဟော......​တွေ့ပါပြီ......

သမီး​ဘေးမှာ ​ကွေး​ကွေး​လေးအိပ်​​ပျော်​​နေတဲ့
ကျွန်​​တော့်​ရဲ့ အဖြူ​ရောင်​နတ်​သား​လေး......

မျက်​ခွံမို့မို့​လေး​တွေကို ညင်​သာစွာ နမ်းရှိုက်​လိုက်​​တော့
အအိပ်​ဆတ်​တဲ့သူက လွန့်​လူးလာသည်​......

^^PAIN^^Where stories live. Discover now