ကံကြမ္မာသည် ဆန်းကြယ်လွန်းသည်.....
ရုတ်တရက်ကြီး သူ ကျွန်တော့်ဘ၀ထဲက ထွက်ပြေးသွားပြီး
ရုတ်တရက်ကြီး ပြန်ရောက်လာခဲ့ ပြန်ပြီ.......
မမျှော်လင့်ပါဘဲ ပြန်ဆုံခွင့်ပေးခဲ့သော
ကံကြမ္မာအား ကျေးဇူးတင်မိပါရဲ့......
အနည်းဆုံးတော့ ကျွန်တော့်အပြစ်တွေကို
ပေးဆပ်ဖို့ရန် လမ်းစ ရှာတွေ့သွားပြီမဟုတ်ပေလား.....
''Lu~''
ပွင့်ရုံလေးပွင့်သွားသော နှုတ်ခမ်းလွှာကြားမှ
ခပ်တိုးတိုးထွက်ပေါ်လာသော အသံကား
မြတ်နိုးရပါသော သူ၏ အမည်နာမ......
သူကျွန်တော့်ကို တအံ့တသြငေးနေတယ်...
အရင်ကလို အနက်ရောင်မဟုတ်တော့ဘဲ
အညိုရောင်လေးပြောင်းလဲလိုက်သော ဆံပင်colorက
သူ့ကို ချစ်လွန်းလို့ ....
သူ့ကို လွမ်းလို့လို့.....
သူနဲ့တူအောင် ပြောင်းထားတဲ့ အရောင်လေးဆိုတာ
သူသိနိုင်ပါ့မလား.......
ဒါပေမယ့်ကံမကောင်းစွာပဲ..
ချစ်ရသူ၏ ဆံနွယ်နုနုလေးများထက်
ခြယ်မှုန်းထားသည်ကား.....
ကျွန်တော် မျှော်လင့်ခဲ့သော အညိုရောင်လေးမဟုတ်တော့ပါ....
အနက်ရောင်ကေသာများကို သပ်သပ်ရပ်ရပ်လှန်တင်ထားသော သူ့သွင်ပြင်သည်
အရင်က ကျွန်တော် သိခဲ့သော ကလေးဆန်ဆန်
ကောင်လေးအသွင်မဟုတ်တော့.....
ရင့်ကျက်နေသော သူတစ်ယောက်သဖွယ်.....
သူ့အကြည့်တွေသည်...
အရင်လို ချစ်ရည်ရွှမ်းနေသည်မဟုတ်တော့.....
အဓိပ္ပါယ်ဖွင့်ဆိုရခက်လောက်အောင် စူးရှနေသည်......
စက္ကန့်ပိုင်းလောက်..
သူကျွန်တော့်ကို အံ့သြစွာ ကြည့်နေပြီးနောက်....
နှုတ်ခမ်းထောင့်လေး တွန့်သည်ဆိုရုံ အပြုံးလေးပြုံးသည်........
ဟင့်အင်း....
အဲ့လိုမပြုံးပါနဲ့...ဘာမှန်းမသိတဲ့ အဲ့အပြုံးရဲ့ အဓိပ္ပါယ်ကို မသိစိတ်က စိုးရွံ့နေမိတာမို့.........
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
