~41 (Final)~

3.6K 260 99
                                        

အဆုံးထိ ​ပေးဆပ်​ခြင်းနဲ့သာ အားတင်းချစ်​ခဲ့​​သော်​လည်း...
အချိုးထပ်​တူပြန်​ရတာက နာကျင်​​ကြေကွဲမှု​တွေပဲဖြစ်​​နေတဲ့အခါ.....

ထိုလက်​တစ်​စုံကို စွန့်​လွှတ်​ရန်​ ဆုံးဖြတ်​ရ​တော့မ​ပေါ့.....

>>>>>>>>>PAIN <<<<<<<

စက္ကန့်​တံ​လေး တစ်​ချက်​လှုပ်​ခတ်​သွားတဲ့အချိန်​တိုင်းသည်
သည်​​လောက်​ထိ ​သွေးပျက်​စရာ​ကောင်းလိမ့်​မည်​ဟု
တစ်​ကြိမ်​မှ မ​တွေးမိခဲ့......

ဘဝမှာ သူကလွဲ၍ ဂရုစိုက်​စရာမရှိဟု သတ်​မှတ်​ကာ
မျက်​စိမှိတ်​နားပိတ်​၍ သူ့ကိုသာကြည့်​၍အသက်​ရှင်​မည်​ဟု ဆုံးဖြတ်​ပြီးကာမှ......

ဖောက်​ !

ကော်​ဖီခွက်​ထဲကျသွား​သော တစ်​စုံတစ်​ရာ​ကြောင့်
ခွက်​မျက်​နှာပြင်​အနှံ့ လှိုင်းက​လေးများ ​ပြေးသွားသည်​....

ဆိုနင့်​မှု​ကြောင့်​ ခပ်​ပြင်းပြင်းရှိုက်​လိုက်​မိ​တော့
မျက်​လုံးအိမ်​ဆီက ကျိမ်းစက်​​နေမှုကို သတိပြုမိခဲ့သည်​...

အမှတ်​မထင်​ နာရီလက်​တံ​လေးဆီအကြည့်​​ရောက်​သွားမိပြန်​​တော့ လက်​တံ​လေးညွှန်​ပြ​နေရာက
9:30AM......

၁နာရီ.....

သူနဲ့ကျွန်​​တော်​၏ တရားဝင်​ပတ်​သက်​မှုသည်
နောက်​ထပ်​တစ်​နာရီကြာလျှင်​ အပြီးတိုင်​ အဆုံးသတ်​ချုပ်​ငြိမ်း​တော့မည်​....

ဖြစ်​ခဲ့သမျှဆက်​စပ်​စဉ်းစားလိုက်​​တော့ အဓိကတရားခံက ကိုယ်​သာလျှင်​....

အသိစိတ်​ရှိသည်​ဖြစ်​​စေ မရှိသည်​ဖြစ်​​စေ....
ကိုယ်​ပြုမိခဲ့ပြီးပြီမို့
ရှောင်​​ပြေးဖို့ရန်​မစွမ်းသာ......

''အား....!!!.... ဟာကွာ.........''

တချက်​ချက်​ လှုပ်​ခါ​နေ​သော စက္ကန့်​တံက ကိုယ့်​ကို ​လှောင်​ရယ်​​နေသလိုခံစားလာရသည်​မို့
လက်​ပတ်​နာရီကိုချွတ်​ပစ်​ကာ
အားကုန်​သုံး၍ နံရံသို့ပစ်​​ပေါက်​လိုက်​သည်​.......

တစစီပျက်​စီးသွား​သော နာရီ​လေးနည်းတူ
ကိုယ့်​နှလုံးသားဟာလဲ ​ကြေမွ​နေလျက်​သား....

^^PAIN^^Where stories live. Discover now