စားပွဲပေါ်က သိမ်းစရာရှိတဲ့ ဖိုင်တွေကို ခပ်သွက်သွက်ကောက်သိမ်းနေမိသည်....
ဒီနေ့က သမီးရဲ့ ၈ နှစ်ပြည့်မွေးနေ့......
ဒီနေ့တစ်နေ့တာလုံး သမီးနှင့် Xiao Lu အတွက် အချိန်ပေးမည်ဟု ဆုံးဖြတ်ထားပြီးကာမှ...
ရုတ်တရက်ပေါ်လာသော အရေးကြီးအလုပ်ကိစ္စကြောင့်
Company သွားကာ အစည်းအဝေးသွားတက်နေခဲ့ရသေးသည်.....
၂နာရီစာလောက် အစည်းအဝေးခန်းထဲ ငုတ်တုတ်ထိုင်ပြီးသောအခါ... ခပ်မြန်မြန်ပင် သိမ်းစရာရှိတာသိမ်း၍
သမီးနှင့် ချစ်သူဆီသို့သွားရန်ပြင်ရတော့သည်....
ခွင့်စာကို ခပ်မြန်မြန်တင်ကာ
အပေါ်အင်္ကျီကို ကောက်ဆွဲပြီး လစ်မည်အပြု....
''Hunnie ah...''
ပျားရည်ထဲစိမ်ထားသော ငှက်ပျောသီးကဲ့သို့
ချွဲပစ်နေသော အသံ....
Tsk...ဒုက္ခပါပဲ....
အထက်လူကြီးဆိုတော့လည်း လှည့်မကြည့်လို့မဖြစ်...
ဝတ္တရားအရ သူမဘက်လှည့်ကာ ဦးညွတ်နှုတ်ဆက်လိုက်တော့ သူမမျက်နှာမှာ အံ့သြမှုတွေအထင်းသား...
အင်းလေ....အံ့သြရှာမပေါ့...
ကျွန်တော်ဆိုသည်မှာ သူမcompanyကိုရောက်ပြီး ပထမတစ်ပတ်လောက်ပင် ရိုရိုသေသေဆက်ဆံခဲ့ကာ
နောက်ပိုင်းတွင် ရာထူးတူသူများကဲ့သို့ပင်
ပုခုံးဖက်ပေါင်းနေခဲ့တာမဟုတ်လား....
သူမနှင့် အခုလို ရင်းရင်းနှီးနှီးနေရဲတာဆိုလို့
ရာထူးငယ်သူများထဲတွင် ကျွန်တော်တစ်ယောက်သာရှိပေသည်...
ရင်းရင်းနှိးနှီးနေရာမှတစ်ဆင့် လက်ပွန်းတတီး..
လက်ပွန်းတတီးမှတစ်ဆင့် တပူးပူးတတွဲတွဲဖြစ်လာသောအခါ.. မလိုအပ်သော ကောလာဟလများက
တစ်ရုံးလုံးသို့ပျံ့နှံ့သွားသည်......
ဒါကို အထွေအထူးဖြေရှင်းချင်ထုတ်မနေချင်....
ထင်ချင်လည်း ထင်ကြပလေ့စေပေါ့...
အိုးကတောင်မပူတာ...စလောင်းကဘာပူစရာရှိလဲလေ...
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
