~~7~~

2.7K 287 21
                                        


အချိန်​ကား ​နေ့လည်​ ၂နာရီ......
ရာသီဥတုကလည်း သိပ်​အဆင်​မ​ပြေသည်​မို့
သူမကို နှုတ်​ဆက်​ကာ ဆိုင်​ထဲမှထွက်​လာလိုက်​သည်​.......

ပျော်​လားဆိုရင်​...
အရမ်းကြီးလှိုက်​လှိုက်​လှဲလှဲကြည်​နူးတာမျိုးမဟုတ်​​ပေမယ့်​လည်း....
ရင်​ထဲတစ်​မျိုး​လေး ​ပျော်​စရာ​ကောင်းပါသည်​....

ကျွန်​​တော်​သိတယ်​....​မ​ကောင်းမှန်း....
ဒါ​ပေမယ့်​လည်း အကျင့်​ဆိုတာမျိုးက အလွယ်​တကူ
ဖျောက်​ဖျက်​ပစ်​ဖို့ လွယ်​ကူတာမျိုးမဟုတ်​​လေ​တော့............

ကြိုးစား​နေပါတယ်​....ချစ်​ရပါ​သော တစ်​​ယောက်​တည်းသူအတွက်​ အချစ်​​တွေအကုန်​ပုံ​ပေးနိုင်​​စေဖို့.....

သို့​သော်​လည်း တစ်​​ယောက်​တည်းနှင့်​ မတင်းတိမ်​နိုင်​​သော ဗီဇက အရိုးစွဲ​နေသလား ထင်​ရ​လောက်​​အောင်​ပင်​......

မိန်း​မော​လောက်​စရာ အလှအပများ ဖြင့်
မြူဆွယ်​​လေ​တော့...ကျွန်​​တော်​လဲ ဘာသားနဲ့ထုထားတာမို့လဲ​လေ.......

သူမသိ​လောက်​တဲ့...သုမမြင်​နိုင်​​လောက်​တဲ့...
တစ်​​နေရာရာမှာ ခဏတာသာယာ​မှု တစ်​ခု​နောက်​ကို
လိုက်​​နေမိတာ......ခွင့်​လွှတ်​ပါ.....

သိပ်​မကြာပါဘူး...ကတိ​ပေးပါတယ်​....
ကိုယ်​အရာအားလုံးကို အမြန်​ဆုံးရှင်းလင်းနိုင်​​အောင်
ကြိုးစားပြီး Luတစ်​​ယောက်​တည်းကိုသာ
ကိုယ့်​နှလုံးသား အပ်​နှင်းဖို့ ဆုံးဖြတ်​ပြီးသားမို့....

ခဏ​လေးပဲ....​စောင့်​​ပေးပါ​နော်​........

ဟန်​​ဆောင်​အပြုံးတစ်​ခုဖြင့်​ သူမအား ပြုံးပြကာ
ဆိုင်​ထဲမှ ထွက်​လာခဲ့လိုက်​သည်​....

ဟင်​....ပန်း​ရောင်​ထီး​လေး.....သမင်​ရုပ်​​လေးနဲ့.....

ဒီထီး​လေ...ရင်းရင်းနှီးနှီးမြင်​ဖူး​နေသလိုလို......

ဦး​ဏှောက်​အား ခပ်​သွက်​သွက်​အလုပ်​​ပေးမိ​တော့
မှတ်​ဥာဏ်​ထဲစွဲထင်​​နေ​သော တစ်​စုံတစ်​ရာကို မြင်​​ယောင်​မိ​တော့ မျက်​လုံးအစုံဝိုင်းစက်​သွားရသည်​...

^^PAIN^^Where stories live. Discover now