''မီးမီးက မူလတန်းအောင်လို့ အလယ်တန်းတောင်တက်နေပြီဦးလေးရဲ့....အဲ့ဒါကိုလေ...မီးမီးပြောပြတာ မီးမီးကိုဘယ်သူ....မှမယုံကြဘူးသိလား.....ဟွန့်.....''
ရောက်ရှိနေသောနေရာက Promise မိဘမဲ့ဂေဟာ..
စာအုပ်လေးတစ်အုပ်ပေါ်မှာ အင်္ဂလိပ်အက္ခရာ ''O''ကိုသာ ထပ်ခါတလဲလဲရေးနေသော ၄နှစ်အရွယ်
ကလေးမလေးက သူမသည် အလယ်တန်းပထမနှစ်ကျောင်းသူဖြစ်ကြောင်းသာ တတွတ်တွတ်ပြောနေသည်......
ဆံနွယ် အညိုရောင်လေးက ဖြောင့်စင်းနေကာ ခါးလောက်ထိအောင် ရှည်လျားလှသည်....
မျက်လုံးလေးတွေက အရည်လဲ့ကာ ၀ိုင်းစက်တောက်ပနေသည်....
နှုတ်ခမ်းနီထွေးထွေးလေးတွေနှင့် စကားတတ်လွန်းသော ကလေးမလေးသည် အရုပ်လေးတစ်ရုပ်လိုပင် သိပ်ချစ်စရာကောင်းလှသည်......
''ဟုတ်လား....အဲ့လူကြီးတွေတော်တော်ဆိုးတယ်နော်...မီးမီးကိုမယုံကြဘူး...ဒါနဲ့ မီးမီးနာမည်ကဘယ်သူလဲဟင်....''
''မီးမီးနာမည်က Yuki...KiKi လို့ခေါ်တာပဲ မီးမီးကြိုက်တယ်....''
စာရေးနေတာကိုရပ်ပြီး သူတို့ကို အပြုံးလေးဖြင့်စကားပြောသော ကောင်မလေး.....
အိမ်ထောင်သက် ၁ နှစ်ဆိုသော ကာလအတွင်းဝယ်
နှစ်ယောက်သား ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းလာခဲ့ပြီးမှ ကလေးလေးတစ်ယောက်လိုချင်တယ် ..ဟုဆိုလာသော Hun ကြောင့်
ကျွန်တော်တို့နှစ်ယောက် ဤဂေဟာသို့ရောက်နေရခြင်း.....
ဂေဟာထဲရောက်ရောက်ခြင်းပင် သစ်ပင်အောက်တွင်ထိုင်ကာ ပတွတ်ပတွတ်နှင့် ရွတ်နေသော ကလေးမလေးအား စိတ်ဝင်တစား စကားသွားပြောမိရာမှ
မမျှော်လင့်ဘဲ ဒီကလေးလေးအား ချစ်သွားခြင်း......
သိပ်ကိုသွက်လွန်းသော ဂျပန်မလေးသည် Hun ကဲ့သို့ပင် သွားစွယ်လေးတွေနှင့်ဖြစ်ကာ
ကျွန်တော့်လို မျက်လုံးလှလှလေးတွေနှင့်
သိပ်လှလွန်းသည်.....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
