~~25~~

2.1K 184 29
                                        


အချိန်​ကား ည​နေ ၅နာရီ.....

သူ့ပိုင်​ဆိုင်​မှု​တွေထဲက အ​သေးအမွှားတစ်​ခုဖြစ်​သည့်
က​လေးအသုံးအ​ဆောင်​ ဆိုင်​​လေးအား လာ​ရောက်​စစ်​​ဆေးဖြစ်​​နေခြင်း..........

အစီအရီခင်းကျင်းပြသထား​သော
က​လေးပစ္စည်းများကို လိုက်​လံကြည့်​ရှုပြီး
အရုပ်​များထားရာ ​နေရာအ​ရောက်​ သူ့​ခြေလှမ်းများရပ်​တန့်​သွားသည်​........

အ​တော်​​လေးလှပေ​သာ အရုပ်​မ​လေးတစ်​ရုပ်​အား
အ၀တ်​အစားများ...သက်​ဆိုင်​ရာအသုံးအ​ဆောင်​များနှင့်​တကွ စနစ်​တကျထုပ်​ပိုးပြင်​ဆင်​ထား​သော အရုပ်​ဘူး​လေးများ​အား ​တွေ့လိုက်​စဉ်​ သူ​ကျေနပ်​စွာပြုံးမိသည်​.....

ဒီ​လောက်​ဆိုအဆင်​​ပြေ​လောက်​မယ်​ထင်​ပါရဲ့......

''Manager....ငါ့ကို ဒီအရုပ်​​လေး​သေချာထုပ်​ပိုး​ပေးပါ...''

''Nae.... ''

ဆိုင်​ မန်​​နေဂျာ က သူညွှန်​ပြ​သော Barbieရုပ်​ဘူး​လေးကို​ယူကာ ထွက်​သွား​တော့
သူလည်း ​စစ်​စရာရှိတာများကို ခပ်​သွက်​သွက်​ စစ်​​ဆေးရင်း ​ကောင်​တာဘက်​​လျှောက်​လာခဲ့လိုက်​သည်​....

''ထုတ်​ခိုင်းထားတာ​လေး ရပါပြီ သူ​ဋ္ဌေး...''

Manager ​ပေး​သော ပါဆယ်​ထုပ်​​လှလှ​လေးအား
သ​ဘောတကျကြည့်​ကာ သူယူခဲ့လိုက်​သည်​.......

.
.
.
.
.
.
.
.
.

♬ Ting Tong ♬

Bell သံထွက်​​ပေါ်လာပြီး​နောက်​ စက္ကန့်​ပိုင်းမျှအကြာတွင်
အိမ်​တံခါးပွင့်​လာခဲ့သည်​.....

တံခါးရွက်​​နောက်​က မြင်​လိုက်​ရသည်​က
ဆံနွယ်​အညို​ရောင်​ရှည်​ရှည်​​လေးနှင့်
ချစ်​စရာ​ကောင်​မ​လေး.....

''Konbanwa...''

(မင်္ဂလာည​နေခင်းပါ...)

''Konbanwa....Otōsan ga imasuka ? ''
(မင်္ဂလာည​နေခင်းပါ...​ဖေ​ဖေရှိလား...)

''Hai...doūzo''
(ဟုတ်​ကဲ့..၀င်​ပါရှင့်​ ....''

ဦး​ဆောင်​​ခေါ်သွား​သော က​လေးမ​လေး​နောက်​လိုက်​လာရင်း ဧည့်​ခန်းထဲက မင်္ဂလာဓာတ်​ပုံကြီးအား​တွေ့လိုက်​ရစဉ်​ ရင်​ထဲစူးခနဲ.....

^^PAIN^^Where stories live. Discover now