''အင်း Hyung.. ဒီနားကိုကိစ္စရှိလို့လာရင်းနဲ့
Kiki ကိုလှမ်း​တွေ့လိုက်​လို့..
Hyung တို့ အဆင်​​ပြေကြတယ်​မဟုတ်​လား.. ''

ဘယ်​​လောက်​ပဲ တည်​ငြိမ်​​အောင်​ထိန်း​ပြော​နေပါ​စေ..
အပြုအမူတစ်​ခုချင်းစီတိုင်းကို
အလိုအ​လျောက်​ သတိထားမိ​နေတဲ့ ကိုယ်​ဟာ
မသိမသာတုန်​ယင်​​နေတဲ့ သူ့အသံရိပ်​ကို ဖမ်းမိလိုက်​တယ်​...

''အွန်း.. ​ပြေပါတယ်​.. ဒါဆိုစကား​ပြောကြဦး​နော်​.. Hyung ဟိုနားခဏသွားလိုက်​ဥိးမယ်​..''

လူမှု​ရေးအရ ​ရှောင်​​ပေးချင်​ပုံရ​ပေမယ့်
Hyung မျက်​ဝန်းထဲက ဝမ်းနည်းရိပ်​အချို့ကို
မြင်​လိုက်​ရတာမို့ ထွက်​သွားအံ့ဆဲဆဲ Hyungကို လွှတ်​မ​ပေးဘဲ လက်​ကိုပိုမိုတင်းကျပ်​စွာဆုပ်​ထားလိုက်​သည်​..

လက်​ကို လွှတ်​မ​ပေးတဲ့ ကျွန်​​တော့်​​ကြောင့်
Hyungက တအံ့တသြကြည့်​လာသည်​...

Hyung စိတ်​ထဲဘယ်​လို​တွေး​နေလဲမသိ​ပေမယ့်​ အခုကိုယ်​က Hyungရဲ့အပိုင်​..

ဘယ်​လိုပဲ Oh Sehunနဲချစ်​ခဲ့ပါသည်​.. လက်​ထပ်​ခဲ့ပါသည်​ဆိုဆို..

အခုအချိန်​မှာ အိမ်​​ထောင်​ဘက်​ကိုယ်​စီနဲ့ ကိုယ့်​လမ်းကိုယ်​​လျှောက်​​နေကြတဲ့သူပဲ​လေ..

နှစ်​​ယောက်​တည်း​တွေ့ပြီး တီးတိုးတိုင်​ပင်​​လောက်​စရာ ဘာအ​ကြောင်းမှမရှိ..

သက်​ဆိုင်​သူတစ်​​ယောက်​အ​နေနဲ့
တရားဝင်​ခင်​ပွန်းတစ်​​ယောက်​အ​နေနဲ့
Hyung စိတ်​မ​ကောင်းဖြစ်​ရမယ့်​ အလုပ်​မျိုး
လုံးဝလုပ်​မှာမဟုတ်​...

မျက်​နှာချင်းဆိုင်​မှာ ရပ်​​နေတဲ့ သူက​တော့
မျက်​နှာလွှဲရင်း အ​ဝေးတစ်​​နေရာကို ​ငေးစိုက်​ကြည့်​​နေသည်​...

''Hyung ဘယ်​သွားမလို့လဲ... ကျွန်​​တော့်​ကိုတစ်​​ယောက်​တည်းထားခဲ့မလို့လား.. ဒီမှာပဲ​နေပါ​.. ​နော်​... ''

တစ်ခါမှလုပ်​မပြဖူးခဲ့တဲ့ Aegyo မျိုးစုံကို တမင်​လုပ်​ပြရင်း Hyung ကို ပတ်​ချွဲနှပ်​​ချွဲဖြင့်​ အနားမှာပဲ​နေရန်​ ​ပြော​နေမိသည်​...

^^PAIN^^Where stories live. Discover now