ကျွန်​​တော့်​စကားအဆုံး မျက်​စိစုံမှိတ်​ကာ
အသင့်​အ​နေအထားပြင်​​ပေးသူ....

ကြည့်​ရတာ ဒီစကားကို ​​မျှော်​လင့်​ထားပြီးသားထင်​ပါရဲ့...
မှိတ်​ထားတဲ့ မျက်​ဝန်းစပ်​​နေရာနားက​တော့
မျက်​​မှောင်​​လေးကျုံ့လို့.....

တဆတ်​ဆတ်​တုန်​ယင်​​နေ​သော ပန်းနု​ရောင်
နှုတ်​ခမ်းပါး​လေးကို ​နောက်​ဆုံးအ​နေနဲ့ အဝကြည့်​လိုက်​သည်​.....

ထို့​နောက်​ ထိုနှုတ်​ခမ်း​လေးအား ငြင်​သာစွာ နမ်းရှိုက်​မိ​သောအခိုက်​အတန့်​ နှလုံး​သားသည်
ဆွဲညှစ်​ခံဏသည့်​အလား အပြင်းထန်​ဆုံးနာကျင်​သည်​....

နောက်​ဆုံးအကြိမ်​ဆိုသည့်​အသိက
ကိုယ့်​စိတ်​ကို အကြိမ်​ကြိမ်​အဖန်​ဖန်​သတ်​​နေသလို.....

မလွတ်​​ပေးချင်​​လောက်​​အောင်​ မြတ်​နိုးရလွန်းပါ​သော
ဤနှုတ်​ခမ်းတစ်​စုံကို အချိန်​တစ်​ခုအကြာထိ စိတ်​တိုင်​ကျချယ်​လှယ်​ပြီး​နောက်

မျက်​နှာ​လေးကို လက်​နှစ်​ဖက်​ဖြင့်​အုပ်​ကိုင်​ကာ
မျက်​ဝန်းချင်းဆုံကြည့်​မိ​တော့
ရှက်​​ဒေါသ​ကြောင့်​ထင်​ပါရဲ့...
မျက်​လုံး​လေး​တွေနီရဲလို့.........

ကိုယ်​အခွင့်​အ​ရေးယူတာ များသွားပြန်​ပြီထင်​တယ်​....
ဒီတစ်​ခါလည်း ကိုယ်​အသုံးမကျပြန်​ဘူးကွာ.....

''​သေချာ​ပေါက်​ ​ပျော်​​နေမယ်​လို့ကတိ​ပေးပါ...
လမ်းခွဲပြိးရင်​.... ​နေ့ရက်​တိုင်းမှာ ​ပျော်​​ပျော်​ရွှင်​ရွှင်​ဖြတ်​သန်းပါ့မယ်​လို့ ကတိ​ပေးပါ.... ဒါမှ ကိုယ်​စိတ်​ချနိုင်​မှာမို့....''

တဆတ်​​ဆတ်​ငြိမ့်​​နေ​သော ​ခေါင်း​လေးထက်
အနမ်းဖွဖွ​ချွေကာ သူ့ကိုမ​စောင့်​ဘဲ ခပ်​သွက်သွက်​အထဲဝင်​လာခဲ့သည်​.....

သူပြန်​ဝင်​လာတဲ့ထိမ​စောင့်​​တော့ဘဲ
စာချုပ်​မှာ ခပ်​မြန်​မြန်​လက်​မှတ်​ထိုးလိုက်​သည်​....

ထို့​နောက်​ သူ့ဘက်​က Suho Hyung
ကိုယ့်​ဘက်​က Chanyeolနှင့်
ရှေ့​နေ တို့မှ အသီးသီးလက်​မှတ်​​ရေးထိုးလိုက်​ကြသည်​........

^^PAIN^^Where stories live. Discover now