မငို​တော့ပါဘူး.... ငိုစရာလဲမလို​တော့ဘူး​လေ.....
အဆုံးစွန်​ထိ ငို​ကြွေးထားခဲ့ပြီးပြီမဟုတ်​လား....
မျက်​ရည်​​တွေလည်းခမ်း​လောက်​​ရော​ပေါ့......

ငိုရလွန်းလို့ မို့အစ်​​နေတဲ့ မျက်​ဝန်း​တွေကို
သူမသိဘဲ​တော့ မ​နေ​လောက်​ပါဘူး​လေ.....

တမင်​ မသိချင်​​ယောင်​​ဆောင်​​နေတာပဲ ဖြစ်​မှာပါ...
သူဆို​သော လူသားဟာ ကိုယ်​မျက်​​မှောင်​တစ်​ချက်​ကုတ်​တာကအစ အ​သေးစိတ်​မှတ်သားထားတတ်တဲ့လူမဟုတ်​လား......

''တကယ်​လမ်းခွဲပြီးရင်​....
ပျော်​မှာလားက​လေး...... ​''

''ဟက်​....သိပ်​​သေချာတာ​ပေါ့...
အနည်းဆုံး​တော့ ခင်​​ဗျားလို လူယုတ်​မာ လူရှုပ်​လူ​ပွေရဲ့ ​လောင်းရိပ်​​အောက်​က အပြီးအပိုင်​လွတ်​သွားပြီမဟုတ်​လား....''

မဲ့ပြုံးတစ်​ချက်​နှင့်​အတူ အသံတစ်​ချက်​မတုန်​ပဲ ​ပြောလာသူ.....

သူ သိပ်​ကိုစိတ်​နာ​နေခဲ့တာပဲ......
လုံးဝ မလိုချင်​​​တော့​လောက်​​အောင်​ကို စွန့်​ပစ်​ချင်​​နေပြီပဲ....

ဒါကို ကိုယ်​ကနားလည်​​ပေးရမှာ​ပေါ့... အလိုက်​သိရမှာ​ပေါ့......

ကိုယ်​သာသူ့အနားကပ်​တွယ်​​နေ​သေးရင်
သူဘယ်​​ပျော်​ပါ​တော့မလဲ....
ကိုယ့်​လိုလူမျိုးနဲ့ အတူ​နေရတဲ့ဘဝဟာ သူ့အတွက်​ငရဲပဲဖြစ်​​နေမှာ.......

အင်း​ပေါ့.... ဒီလိုပဲဖြစ်​မှာ......

သူ့ရင်​ထဲကိုယ့်​အတွက်​ အချစ်​ဆိုတာ မြူတစ်​မှုန်​​တောင်
မကျန်​​တော့ပါဘူး....
ရွံရှာမှု စက်​ဆုပ်​မုန်းတီးမှု​တွေချည်း​နေရာယူထားမှာ......

ဒီလိုဖြစ်​​အောင်​လည်း ကိုယ်​ပဲလုပ်​ခဲ့တာ..
ကိုယ်​ပဲဖန်​တီးခဲ့တာမဟုတ်​လား....

သက်​​ရောက်​မှုတိုင်းအတွက်​ တန်​ပြန်​သက်​​ရောက်​မှုရှိတယ်​ဆိုတဲ့ နိယာမက အလကားထုတ်​ခဲ့တာမှမဟုတ်​ဘဲ​လေ......

ပြန်ေ​ပးဆပ်​လိုက်​စမ်းပါ...​ကျေ​ကျေနပ်​နပ်​ကြီး.....

''​ကောင်းပါပြီ...အချစ်​ရယ်​... ကိုယ်​လမ်းခွဲ​ပေးပါ့မယ်​....
နောက်​ဆုံးအ​နေနဲ့ တစ်​ခု​လောက်​​တောင်းဆိုပါရ​စေ... ကိုယ်​မင်းကိုနမ်းချင်​တယ်​ အချစ်​.... ​တရားဝင်​ခင်​ပွန်းအ​နေနဲ့.... ​နောက်​ဆုံးအကြိမ်​ရယ်​ပါ​... ''

^^PAIN^^Where stories live. Discover now