ရင်နာစွာ သိလိုက်ရတဲ့ အမှန်တရားတစ်ခုက
သူဟာ ကိုယ်နဲ့လမ်းခွဲဖို့ သိပ်ကိုစိတ်အားထက်သန်နေခဲ့တာပဲ......
စာရွက်နှစ်ရွက် ကိုယ့်လက်ထဲရောက်လာချိန်မှာ
စာရွက်လေးပေါ်မှာထင်းနေတဲ့ သူ့ဘက်မှတ်လေးက ကိုယ့်ကိုဘယ်အတိုင်းအတာထိ ထိုးနှက်နိုင်သလဲဆိုတာ
သူခန့်မှန်းမိမှာတောင်မဟုတ်.....
''Sehun ah....''
''ခဏ...ခဏလေးပါ Chanyeolရယ်....
ငါ.. နည်းနည်းလောက်အချိန်ယူပါရစေကွာ..... ''
ဆို့နင့်အက်ကွဲနေသော အသံဖြင့် ပြန်တုန့်ပြန်လိုက်တော့
Chanyeolက သက်ပြင်းခပ်ဖွဖွချသည်.....
ကိုယ့်လောက်တော့မဟုတ်ပေမယ့် သူလဲအတော်လေးစိတ်ထိခိုက်နေတာ ကိုယ်သိသည်....
ငယ်စဉ်ကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့ကြသော သူငယ်ချင်းတွေမို့ ကိုယ်နဲ့ Xiao Luရဲ့
ချစ်ခြင်းတရားကို သူတို့အသိဆုံး.....
ခုလို လမ်းခွဲဖို့ဖြစ်လာတော့ သူတို့လည်း အရမ်းကိုစိတ်ဆင်းရဲနေရှာသည်လေ...
''Xiao Lu ah.. စကားခဏလောက်ပြောကြရအောင်...ခဏလေးပါကွာ.... ''
သူကြားရုံလောက်သာသာအသံဖြင့်
အသနားခံတောင်းဆိုလိုက်တော့
ဘာမပြောညာမပြောဖြင့် ထွက်သွားသူ....
သူ့နောက်ကို လိုက်လာရင်း ခြံဝန်းကျယ်ထဲက
မြက်ခင်းစိမ်းစိမ်းတွေခင်းထားသော တစ်နေရာအရောက် သူရပ်တန့်သွားရာ ကိုယ်ပါအလိုလို ရပ်လိုက်မိသည်.....
''ပြော...''
''တကယ် လမ်းခွဲချင်ရဲအလား ''
မျက်လုံးချင်းဆုံကြည့်ကာမေးလိုက်တော့
အတင်းရှောင်နေသူ.....
'တကယ်လမ်းခွဲချင်လို့ ကွာရှင်းစာချုပ်မှာတောင်လက်မှတ်ထိုးပြီးပြီမဟုတ်လား....''
မျက်နှာတစ်ဖက်လှည့်ရင်း ဖြေလာသော သူ့စကားရဲ့ သက်ရောက်မှုက
နှလုံးသားတည့်တည့် အနက်ရှိုင်းဆုံးနေရာအထိကို စူးခနဲ......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~41 (Final)~
Start from the beginning
